အီကွေဒေါနိုင်ငံရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး သမ္မတလောင်း ဖှာနန်ဒို မီယာဗီစန်စီယိုကို သြဂုတ်လမှာ သတ်ဖြတ်မှုနဲ့ ပတ်သက်တယ်လို့ သံသယရှိသူ ၇ ဦးဟာ အောက်တိုဘာ ၆ ရက်က ထောင်ထဲမှာ အသတ်ခံခဲ့ ရတယ်လို့ အကျဉ်းဦးစီးက ပြောခဲ့ပါတယ်။
သေဆုံးသူတွေထဲက ခြောက်ဦးဟာ သောကြာနေ့က ဂွါယာကေးမြို့ လစ်တိုရဲ ထောင်မှာ အသတ်ခံရ တာဖြစ်ပြီး နောက်တယောက်က စနေနေ့မှာ ကွေတို ထောင်ထဲမှာ သေဆုံးခဲ့ တာပါ။
အီကွေဒေါသမ္မတ ဂွယ်လာမို လက်စိုက အကျဉ်းထောင်ညွှန်ကြားရေးမှူးနဲ့ ရဲစုံစမ်းစစ်ဆေးရေး တပ်ဖွဲ့ အကြီးအကဲတို့ကို ရာထူးကနေ ဖယ်ရှားလိုက်တယ်လို့ စနေနေ့မှာ ကြေညာခဲ့ပါတယ်။
သောကြာနေ့က လစ်တိုရဲထောင်မှာ သေဆုံးခဲ့တဲ့ အကျဉ်းသား ခြောက်ဦးကို လုံခြုံရေးအရ လွှဲပြောင်းဖို့ ဆိုင်းငံ့အမိန့်ကို အီကွေဒေါ အကျဉ်းထောင်များဆိုင်ရာ အေဂျင်စီ SNAI က မဆောင်ရွက်ခဲ့လို့ အီကွေဒေါ ရှေ့နေချုပ်ရုံးက SNAI ကို စုံစမ်းစစ်ဆေးနေပါတယ်။
အကျင့်ပျက်ခြစားမှုနဲ့ စနစ်တကျ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ဖော်ထုတ်တဲ့ ထင်ရှားတဲ့ သတင်းထောက် တဦးဖြစ်တဲ့ မီယာဗီစန်စီယိုဟာ သြဂုတ်လက မဲဆွယ်စည်းရုံးရေးပွဲကနေ ထွက်ခွာချိန် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
Source/Photo-Reuters