တိုင်ဖွန်းမုန်တိုင်း ဂေမီနဲ့ အနောက်တောင်မုတ်သုံလေတို့ကြောင့် ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာနဲ့ မြောက်ပိုင်း ပြည်နယ်တွေမှာ ဇူလိုင် ၂၄ ရက် က မိုးသည်းခဲ့တာကြောင့် အာဏာပိုင်တွေက စီးပွားရေ်လုပ်ငန်းတွေနဲ့ ကျောင်းတွေကို ပိတ်ထားရပြီး စတော့စျေးကွက်နဲ့ နိုင်ငံခြားငွေ အရောင်းအဝယ်တွေကို ခဏရပ်ဆိုင်းထားခဲ့ရပါတယ်။
မနီလာမြို့တော်မှာ နေသူတွေဟာ ခါးအောက်ပိုင်းမြုပ်တဲ့အထိ ကြီးနေတဲ့ ရေထဲမှာ ဖြတ်သန်းသွားလာခဲ့ကြပြီး တချို့က ခြောက်သွေ့နေစေဖို့ ယာယီ ကုန်သေတ္တာတွေထဲမှာ ထိုင်နေခဲ့ကြရပါတယ်။
အပူပိုင်းမုန်တိုင်းကြောင့် လူဦးရေ ၁၃ သန်းနေတဲ့ မြို့နယ် ၁၆ မြို့နဲ့ ဖွဲ့စည်းထားတဲ့ မြို့တော်ဒေသမှာ အစိုးရရုံးအများစုနဲ့ ကျောင်းအားလုံးကို ဆိုင်းငံ့ထားဖို့ သမ္မတရုံးက ညွှန်ကြားထားပါတယ်။
“အခုနဲ့ မနေ့ကစပြီး မြစ်ကမ်းဘေးမှာ နေထိုင်တဲ့ ဒေသခံတွေကို အတင်းအကျပ် ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ ကျနော်တို့ တောင်းဆိုနေပါတယ်” လို့ မနီလာမြို့တော်နားက ရွာတရွာရဲ့ ခေါင်းဆောင် ယိုနွန် ဖှာရဲရပ်စ်က ပြောပါတယ်။
အမြင့်ဆုံးလေတိုက်နှုန်း တနာရီ မိုင်၉၀ ကနေ ၁၂၀ ထိရှိတဲ့ ဂေမီမုန်တိုင်းဟာ ထိုင်ဝမ်ဆီ ဦးတည်နေပြီလို့ ဖိလစ်ပိုင်နိုင်ငံ မိုးလေဝသအေဂျင်စီက ဒီနေ့မနက် ၅ နာရီမှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။
Source-Reuters