အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့မှာ အမေရိက စာရေးဆရာများအစည်းအရုံး WGA ရဲ့ အဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၂၇ ရက်က ခေါင်းဆောင်ပိုင်းနဲ့ ညှိနှိုင်းရေးအဖွဲ့တို့ကို တွေ့ဆုံခဲ့တယ် လို့ သိရပါတယ်။
ဒါဟာ WGA သမဂ္ဂရဲ့ သပိတ်မှောက်မှု အဆုံးသတ်ခဲ့ပြီးနောက် သဘောတူစာချုပ်အပေါ် နောက်ဆုံး မဲခွဲဆုံးဖြတ်မှု မတိုင်ခင် အခိုက်အတန့်လည်း ဖြစ်ပါတယ်။
ဒီအခမ်းအနားရဲ့ အဆုံးသတ်ညနေပိုင်းမှာ သမဂ္ဂခေါင်းဆောင်ပိုင်းကို အဖွဲ့ဝင်တွေက ၅ မိနစ်ကြာ မတ်တပ်ရပ်ပြီး လက်ခုပ်တီး ဂုဏ်ပြုခဲ့ကြပါတယ်။
ဒီတပတ်အစောပိုင်းတုန်းက ရုပ်ရှင်စတူဒီယိုကြီးတွေနဲ့ သမဂ္ဂကြားမှာ အကြိုသဘောတူညီမှုတစ်ခု ရရှိခဲ့တာ ကြောင့် ဖြစ်ပါတယ်။
ဒီနှစ်မတ်လ အစောပိုင်းမှာ ဟောလီးဝုဒ်ရဲ့ အဓိကစတူဒီယို ကြီးတွေနဲ့ အလုပ်ခန့်အပ်မှု ဆိုင်ရာ သဘောတူညီမှုအသစ် မရရှိခဲ့တာကြောင့် WGA ရဲ့ အဖွဲ့ဝင်ပေါင်း ၁၁,၅၀၀ နီးပါးက သပိတ်မှောက်ခဲ့ကြတာပါ။
နောက်ထပ် အနုပညာဆိုင်ရာ အဖွဲ့အစည်းဖြစ်တဲ့ SAG-AFTRA သရုပ်ဆောင်များ သမဂ္ဂက လည်း လာမယ့်အပတ်မှာ စတူဒီယိုကြီးတွေနဲ့ ပြန်လည်ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
Source/Photo-Reuters