Home
နိုင်ငံတကာ
ဟယ်ရီပေါ်တာရုပ်ရှင် သရုပ်ဆောင် မိုက်ကယ်ဂမ်ဘင် ကွယ်လွန်
DVB
·
September 29, 2023
Michael Gambon_Reuters_29092023

“ဟယ်ရီပေါ်တာ” ရုပ်ရှင်တွေရဲ့ ပရော်ဖက်ဆာပညာရှိ အယ်လ်ဘတ်စ် ဒမ်ဘယ်လ်ဒေါလ် အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဗြိတိန်-အိုင်းရစ် သရုပ်ဆောင်ကြီး မိုက်ကယ် ဂမ်ဘင်ဟာ အသက် ၈၂ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။

စက်တင်ဘာ ၂၈ ရက်က ဆေးရုံတခုမှာ ဂမ်ဘင်အနေနဲ့ ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့တယ် ဆိုပြီး မိသားစုထုတ်ပြန်ချက်အပေါ် ကိုးကားကာ ပီအေမီဒီယာမှာ ဖော်ပြထားပါတယ်။

၁၉၆၀ ပြည့်နှစ် အစောပိုင်းမှာ ဂမ်ဘင်က စင်မြင့်သရုပ်ဆောင်အဖြစ် စတင်ခဲ့ပြီးနောက် တီဗီနဲ့ ရုပ်ရှင်ဘက်ကို ကူးပြောင်းလာခဲ့တာပါ။

၁၉၈၉ ခုနှစ်တုန်းက “The Cook, the Thief, His Wife & Her Lover” အမည်ရ ဒါရိုက်တာ ပီတာ ဂရင်းအဝေးရဲ့ ရုပ်ရှင်မှာ စိတ်ရောဂါသည် လူဆိုးဂိုဏ်းခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သလို ၂၀၁၀ ခုနှစ်တုန်းက ဒါရိုက်တာ တွမ်ဟူးပါးရဲ့ “The King's Speech” ရုပ်ရှင်မှာလည်း အသက်ကြီးရင့်ပြီဖြစ်တဲ့ King George V အဖြစ် သရုပ်ဆောင်ခဲ့တာကြောင့် ဂမ်ဘင် အတွက် ထင်ရှားတဲ့ရုပ်ရှင်တွေ ဖြစ်လာခဲ့ပါတယ်။

ကမ္ဘာတဝန်းမှာ ဂမ်ဘင်ရဲ့ လူသိအများဆုံး ဇာတ်ကောင်ကတော့ “ဟယ်ရီပေါ်တာ” ရုပ်ရှင်တွေရဲ့ ဒမ် ဘယ်လ်ဒေါလ်ပဲ ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်တုန်းက ကွယ်လွန်သူ ရစ်ချတ် ဟဲရစ်(စ်)ရဲ့ နေရာမှာ ဂမ်ဘင် အနေနဲ့ အစားထိုး သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ဇာတ်ကားပေါင်း ၈ တွဲထဲက တတိယမြောက်ရုပ်ရှင်ထဲမှာ စတင်ပါဝင်လာခဲ့တာပါ။ ဒါ့အပြင် ဂမ်ဘင်ဟာ BAFTA ဆု ၄ ခု၊ Olivier ဆု ၃ ခုနဲ့ SAG ဆု ၂ ခုတို့ကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013