မန်ယူအသင်းကို ရုတ်ချည်းပြောင်းလဲဖို့ ဟယ်ရီပေါ်တာလို မှော်ပညာရှင်မဟုတ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြန်လည်တုံ့ပြန်သွားပါတယ်။
လီဗာပူးကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး မီဒီယာတွေရဲ့ မေးမြန်းမှုအပေါ် နည်းပြ တန်ဟတ်ဂ်က ပြန်လည်တုံ့ပြန်ခဲ့တာပါ။
လီဗာပူးနဲ့ပွဲစဉ်မှာ အသင်းရဲ့ ကစားသမား ၃ ယောက်က ပထမဆုံးအကြိမ် ပွဲထွက်ကစားခဲ့တာဖြစ်ပြီး အသင်းရဲ့အခြေအနေကို ရုတ်ချည်းပြောင်းလဲနိုင်ဖို့က သူဟာ ဟယ်ရီပေါ်တာလို မှော်ပညာရှင်မဟုတ်ကြောင်း နည်းပြ တန်ဟတ်ဂ်က ပြောပါတယ်။
အသစ်ခေါ်ယူထားတဲ့ အူဂါတီက ကြံ့ခိုင်မှုမပြည့်သေးလို့ ပွဲထွက်အသုံးပြုနိုင်ခြင်း မရှိသေးကြောင်း၊ အသင်းသစ်တသင်း တည်ဆောက်သွားရမှာဖြစ်ပြီး ရလဒ်ကောင်းမွန်လာဖို့ အတွက် စွမ်းဆောင်ရည် တိုးတက်လာဖို့တော့ လိုအပ်နေကြောင်း နည်းပြ တန်ဟတ်ဂ်က ပြောပါတယ်။
ရာသီကုန်ဆုံးချိန်မှာ ဆုဖလားတခုခု ထပ်မံရယူနိုင်ဖို့ ယုံကြည်မှုရှိကြောင်းလည်း နည်းပြ တန်ဟတ်ဂ်က လီဗာပူးနဲ့ပွဲစဉ်အပြီးမှာ ထပ်လောင်း ပြောကြားသွားပါတယ်။