ဘရိုက်တန်နဲ့ပွဲစဉ်မှာ အာဆင်နယ် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို ထုတ်ပယ်ခဲ့တဲ့အကြောင်း အရင်းကို ပရီးမီးယားလိဂ်က ထုတ်ပြန်သွားပါတယ်။
ရိုက်စ်ဟာ ဘရိုက်တန်နဲ့ပွဲစဉ်မှာ ပြိုင်ဘက် နောက်ခံလူ ဘက်မန်နဲ့ ကတောက်ကဆဖြစ်ခဲ့ပြီးနောက် တည်ကန်ဘောမစခင် ဘောလုံးကို ကန်ထုတ်ခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က ဒုတိယ အဝါကတ် ပြသခဲ့ပြီး ၂ ဝါတနီနဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။
အဲဒီအပေါ် အာဆင်နယ် ပရိသတ်တွေက အပြင်းအထန် ဝေဖန်ခဲ့ကြတာပါ။ ပရီးမီးယားလိဂ်ဘက်ကတော့ ရိုက်စ်ကို ဒုတိယအဝါပြသပြီး ထုတ်ပယ်ခဲ့တာက ပွဲပြန်လည်စတင်ဖို့ နှောင့်နှေးအောင် လုပ်ဆောင်ခဲ့တာကြောင့်ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ပွဲပြန်လည်စတင်ဖို့ နှောင့်နှေးအောင်လုပ်တဲ့ ကွင်းထဲကစားသမားတွေအပြင် အရန်ခုံတန်းက နည်းပြအဖွဲ့ဝင်တွေနဲ့ ကစားသမားတွေကိုလည်း အလားတူလုပ်ဆောင်မယ်ဆိုရင် အဝါကတ် ပြသမှာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
အာဆင်နယ်နည်းပြ အာတေတာနဲ့ ကစားသမားတွေဘက်ကတော့ ပွဲကို နှောင့်နှေးအောင် လုပ်ဆောင်ခဲ့တဲ့ ဘရိုက်တန် ကစားသမား ပတ်ဒရိုကိုတော့ အဝါကတ်ပြသခြင်းမရှိတဲ့အပေါ် ဆုံးဖြတ်ချက် တသမတ်တည်းဖြစ်ဖို့ လိုအပ်ကြောင်း ဝေဖန်ကြပါတယ်။