ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ဆုဖလားအများဆုံးရရှိတဲ့အသင်းက မန်စီးတီးပြီးရင် မန်ယူအသင်းဖြစ် ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။
တနင်္ဂနွေနေ့မှာ ကစားရမယ့် လီဗာပူးနဲ့ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ နည်းပြတန်ဟတ်ဂ်က ပြောခဲ့တာပါ။
နည်းပြတန်ဟတ်ဂ်ဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ကရာဘောင်လိဂ်ဖလားနဲ့ အက်ဖ်အေဖလား ဆုဖလား ၂ လုံးရ ယူနိုင်ခဲ့တာပါ။
လီဗာပူးအသင်းက ၂ နှစ်အတွင်းမှာ လိဂ်ဖလားတလုံးသာရရှိထားပြီး မန်ယူအသင်းရဲ့ ဆုဖလားမှတ်တမ်းက လီဗာပူးထက် ပိုမိုကောင်းမွန်ကြောင်း နည်းပြတန်ဟတ်ဂ်က အရိပ်အမြွက် ပြောခဲ့တာပါ။
ခြေစွမ်းအရလည်း တခြားအသင်းတွေထက် ကောင်းမွန်လာပြီး ဒါက အမှန်တကယ် ဖြစ်လာတဲ့ အချက်အလက်တခု ဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
အခုနှစ်ရာသီမှာလည်း ဆုဖလားတွေရယူဖို့ ယုံကြည်မှုရှိနေပြီး ဘောလုံးမှာ ဆုဖလားရယူနိုင်ဖို့က အရေးကြီးဆုံးဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။
Photo-Reuters