Home
အားကစား
အူဂါတီကို လီဗာပူးနှင့်ကစားမည့်လူစာရင်းတွင် ထည့်သွင်းရန် မန်ယူ ကြိုးပမ်း
DVB
·
August 31, 2024
Photo -REUTERS

မန်ယူအသင်းဟာ ကွင်းလယ်ကစားသမားသစ် အူဂါတီကို လီဗာပူးနဲ့ကစားမယ့် လူစာရင်းမှာ ထည့်သွင်းဖို့ ကြိုးပမ်းနေပါတယ်။ 

မန်ယူအသင်းဟာ ဥရုဂွေးကွင်းလယ်လူ အူဂါတီကို သြဂုတ် ၃၀ ရက်ကမှ တရားဝင် စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာ ကစားရမယ့်  လီဗာပူးနဲ့ပွဲစဉ် အသင်းလူစာရင်းမှာပါဝင်နိုင်ဖို့ ရည်ရွယ်ထားတာပါ။

ကွင်းလယ်လူ မေဆန်မောင့်က တံကောက်ကြော ဒဏ်ရာကြောင့် တလလောက် အနားယူရ မှာဖြစ်ပြီး အူဂါတီကို အသင်းလူစာရင်းမှာချက်ချင်း ထည့်သွင်းနိုင်ဖို မန်ယူအသင်းက လုပ် ဆောင်နေတာပါ။

အူဂါတီဟာ PSG အသင်းရဲ့ လီဂူးဝမ်းအဖွင့် နှစ်ပွဲစလုံး လွဲချော်ခဲ့သူပါ။ အူဂါတီအနေနဲ့ လီဗာပူးနဲ့ပွဲစဉ်မှာ ပါဝင်နိုင်ဖိုအတွက်ဆိုရင်  မန်ယူအသင်းနဲ့အတူ သောကြောနေ့နဲ့ စနေနေ့ လေကျင့်ခန်းအစီအစဉ်တွေမှာ ပါဝင်လုပ်ဆောင်နိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013