ဂျူဗင်တပ်တောင်ပံကစားသမား ဖီဒါရီကိုချီယေဇာဟာ လီဗာပူးအသင်းဆီပြောင်းရွှေ့ဖို့ သဘောတူ လိုက်တယ်လို့သိရပါတယ်။
လီဗာပူးအသင်းဟာ အီတလီလက်ရွေးစင်ကစားသမားအတွက် ပေါင် ၁၂ သန်းကျော်နဲ့ ခေါ်ယူခွင့်ရရှိမှာဖြစ်ပြီး ဂျူဗင်တပ်နဲ့ အပြီးသတ်ဆွေးနွေးရဦးမှာပါ။
အသက် ၂၆ နှစ်ရှိ ချီယေဇာအတွက် လီဗာပူးအသင်းက ၄ နှစ်စာချုပ်နဲ့ ကမ်းလှမ်းထားတာပါ။ ချီယေဇာဟာ တောင်ပံနဲ့ အထောင်တိုက်စစ်နေရာတွေမှာ မြန်နှုန်းမြင့်ကစားနိုင်တဲ့ တိုက်စစ် ကစားသမားအဖြစ် သတ်မှတ်ခံထားရပေမဲ့ ဒဏ်ရာပြဿနာ မကြာခဏရှိတတ်တာကြောင့် စီးရီးအေမှာ ထင်သလောက် ခြေစွမ်းပြသနိုင်ခြင်း မရှိသေးတာပါ။
ချီယေဇာဟာ နည်းပြသစ် မောတာလက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်မရဘဲ ရုန်းကန်နေရသူ ဖြစ်ပါတယ်။
ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်တော့ပြီး လီဗာပူးအားကစားဒါရိုက်တာ ရစ်ချက်ဟုချ်က ချီယေဇာကို ခေါ်ယူဖို့ အခွင့်အရေးရှိပါက ခေါ်ယူချင်ကြောင်း နွေရာသီအစောပိုင်း ကတည်းက ပြောထားပါတယ်။
လီဗာပူးအသင်းဟာ နည်းပြသစ် အာနီစလော့လက်အောက်မှာ ကစားသမားသစ်ခေါ်ယူရခြင်း မရှိသေးဘဲ ဗလင်စီယာဂိုးသမားကို ခေါ်ဖို့ သဘောတူညီမှုရရှိထာပါတယ်။ ဒါ့အပြင် စပိန်ကွင်းလယ်လူ ဇူဘီမန်ဒီကို ခေါ်ယူဖို့လည်း ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့ပါဘူး။
ယူရို ၂၀၂၀ မှာ အီတလီအသင်းနဲ့ အောင်မြင်မှုရခဲ့တဲ့ ချီယေဇာဟာ ၂၀၂၀ ပြည့်နှစ်က ဖီအိုရင်တီးနားအသင်းကနေ ပေါင် ၅၄ သန်းနဲ့ ဂျူဗင်တပ်ကို ပြောင်းခဲ့သူဖြစ်ပြီး ၁၃၁ ပွဲ ကစားထားတာတွေ့ရပါတယ်။
လီဗာပူးအသင်းဟာ ဗလင်စီယာ ဂိုးသမား မာမာဒက်ရှ်ဗီလီကို ခေါ်ယူနိုင်ဖို့လည်း အပြီးသတ်လုပ်ဆောင်နေပါတယ်။
Photo-Reuters