နာမည်ကြီးရုပ်ရှင် Deadpool ရဲ့ နောက်ဆုံးထွက် ‘Deadpool & Wolverine’ ဇာတ်ကားဟာ အုပ်ထိန်းသူ/လူကြီးမိဘမပါဘဲ ၁၇ နှစ်အောက်မကြည့်ရ (R-rated) ရုပ်ရှင်တွေထဲမှာ ဝင်ငွေအကောင်းဆုံး သရဖူကို ရယူနိုင်ခဲ့ပါတယ်။
အခုအခါမှာလည်း Deadpool ဇာတ်ကောင် ပထမဆုံးပါဝင်တဲ့ ကောမစ်အတွက် ဆေးမခြယ်ရသေးတဲ့ ခဲခြစ်မျက်နှာဖုံးလက်ရာကို Heritage လေလံအဖွဲ့က ဒေါ်လာ ၇သန်းခွဲနဲ့ လေလံတင်မှာ ဖြစ်ပါတယ်။
ဒီဈေးနဲ့သာ လေလံအောင်ရင်တော့ တန်ဖိုးအကြီးဆုံး ကောမစ်စာအုပ်လက်ရာအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။ ဒီလက်ရာကို စာရေးဆရာ/ကောမစ်အနုပညာရှင် ရော့ဘ်လိုင်ဖဲလ်ဒ်က ‘New Mutants #98’ စာအုပ်အတွက် ရေးဆွဲပေးခဲ့တာ ဖြစ်ပါတယ်။
ဒီစာအုပ်က ၁၉၉၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အဲဒီတုန်းက လိုင်ဖဲလ်ဒ်ဟာ အသက် ၂၃ နှစ်ပဲ ရှိပါသေးပါတယ်။ အခုတော့ ဒီလက်ရာကို သူပိုင်တာ မဟုတ်ပါဘူး။ စုဆောင်းသူတဦးကို လွန်ခဲ့တဲ့ ၂၅ နှစ်ကတည်းက ရောင်းပစ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ အခုလို အောင်မြင်တာကို ဝမ်းသာတယ်လို့ လိုင်ဖဲလ်ဒ်က ဆိုပါတယ်။
၁၉၉၁ က ထွက်ခဲ့တဲ့ အဲဒီ New Mutants #98 စာအုပ်ဟာ စထွက်တော့ တအုပ် ၁ ဒေါ်လာနဲ့ ရောင်းခဲ့တာပါ။
ဒါပေမဲ့ အခုအခါ မူရင်းထုတ်ဝေမှုဆိုရင် စုဆောင်းသူတွေ တန်ဖိုးထားကြတာကြောင့် eBay ဝက်ဘ်ဆိုက်မှာ ဒေါ်လာ ၃၅၀ ကနေ ၅၅,၀၀၀ အထိ ဈေးပေါက်ပါတယ်။
Deadpool ကို Spider-Man နဲ့ G.I.Joe ပေါင်းထားတဲ့ပုံစံ ဖန်တီးခဲ့တာလို့ လိုင်ဖဲလ်ဒ်က ဆိုပါတယ်။
Source-Reuters