Home
နိုင်ငံတကာ
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကို အကျဉ်းထောင်သစ်သို့ ပြောင်းရွှေ့
DVB
·
September 27, 2023
Pakistan EX PM Imran Khan_Reuters_27092023

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကို တရားရုံးက အမိန့်ချပြီးနောက်မှာ နိုင်ငံတော် မြို့တော် အစ္စလာမာဘတ်အနီးမှာ ပိုကောင်းမွန်တဲ့ အဆောက်အဦတွေနဲ့ အကျဉ်းထောင်အသစ်ကို ပြောင်းရွှေ့ခံခဲ့ရကြောင်း သူ့ရဲ့ရှေ့နေနဲ့ သူ့ရဲ့ပါတီက စက်တင်ဘာ ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

ရဲကားတွေနဲ့ သံချပ်ကာယာဉ်တွေ လိုက်ပါလာတဲ့ ယာဉ်တန်း ရောက်ရှိလာချိန်မှာ အဒ်ယာလာ အကျဉ်းထောင် အပြင်ဘက်မှာ စုရုံးနေကြတဲ့ ထောက်ခံသူ တဒါဇင်လောက်ဟာ နှင်းဆီပန်းပွင့်ချပ်တွေ ကြဲပက်ပြီး အော်ဟစ် ကြွေးကြော်ခဲ့ကြပါတယ်။ ခန်းကို အကျင့်ပျက်ခြစားမှုနဲ့ သြဂုတ်လမှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာပါ။

တရားရုံးက သူ့ရဲ့ထောင်ဒဏ်ကို ရက်သတ္တပတ်တွေချီ ဆိုင်းငံ့ထားပေမဲ့ နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု စွဲချက်တွေနဲ့ ပတ်သက်တဲ့ အမှုတွဲမှာတော့ သူ့ကို ချုပ်နှောင်ထားဖို့ ကြိုတင်အမိန့်ထုတ်ထားတာကြောင့် သူ့လွတ်မြောက်ခွင့်ကို ဟန့်တားခဲ့ပါတယ်။

သူ့ရဲ့ တရားရေးအဖွဲ့နဲ့ ပါတီဟာ ဝန်ကြီးချုပ်ဟောင်းတဦးအတွက် ပိုသင့်တော်တယ်လို့ စောဒကတက်ခဲ့တဲ့ ရာဝလ်ပင်ဒီ တပ်မြို့ရှိ အဒ်ယာလာ အကျဉ်းထောင်ကို ပြောင်းရွှေ့ပေးဖို့ တရားရုံးအများအပြားကို အသနားခံ လျှောက်ထားခဲ့ပါတယ်။

ခန်းကို အနောက်မြောက်ပိုင်း အက်တော့ခ်ခရိုင်ရှိ လုံခြုံရေးအဆင့်နိမ့်ပြီး ရေချိုးခန်းနဲ့ ရုပ်မြင်သံကြားတို့လို အထောက်အကူပစ္စည်းတွေတောင် မရှိတဲ့ ကိုလိုနီခေတ် အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရပြီး မိသားစုနဲ့ မိတ်ဆွေတွေ လာရောက်တွေ့ဆုံဖို့နဲ့ သတင်းစာတွေ၊ စာအုပ်တွေနဲ့ အစားအသောက်တွေတောင် ပေးပို့ဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024