Home
နိုင်ငံတကာ
ရိုဟင်ဂျာဒုက္ခသည်များ ဘေးကင်းစွာနေရပ်ပြန်ရေး ကုလညီလာခံ၌ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တောင်းဆို
DVB
·
September 23, 2023
0000000000000000

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ စက်တင်ဘာ ၂၂ ရက်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာရဲ့ မိန့်ခွန်းအတွင်း မြန်မာနိုင်ငံကို ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ နေရပ် ပြန်နိုင်ဖို့ တောင်းဆိုလိုက်ပါတယ်။ 

နယူးယောက်မြို့မှာ ကျင်းပပြုလုပ်နေတဲ့ ညီလာခံအတွင်း ရှိတ်ခ် ဟာဆီနာက “မြန်မာနိုင်ငံမှာ အတင်းအဓမ္မ ဖယ်ရှားမှုကြောင့် ရိုဟင်ဂျာတွေ ထွက်ပြေးလာခဲ့ရတာ ၆ နှစ်တိုင်ပါပြီ။ စိုးရိမ်မှု ရှိပေမယ့်လည်း သူတို့အတွက် ယာယီနေစရာတော့ ပေးထားပါတယ်။ အိုးအိမ်မဲ့နေတဲ့ ဒီရိုဟင်ဂျာ တွေက သူတို့နိုင်ငံကို ပြန်ချင်နေကြပြီး အဲ့ဒီနေရာမှာပဲ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ကြတာပါ။ ဒီလို ခိုးကိုးရာမဲ့နေသူတွေ နေရပ်ပြန်နိုင်ဖို့အတွက် အာမခံချက်ရှိအောင် ကြိုးပမ်းရပါမယ်” ဆိုပြီး ပြောကြားခဲ့တာပါ။ 

အခုလို ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေအပေါ်  ထောက်ပံ့ပေးဖို့နဲ့ ပတ်သတ်ပြီး အမေရိကန်နိုင်ငံက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အနီးဝန်းကျင်ဒေသကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီအဖြစ် ဒေါ်လာ ၁၁၆ သန်းအထိ ဖြည့်တင်းပေးမယ်လို့ အတည်ပြုပါတယ်။ 

အမေရိကန်ရဲ့  ကြေညာချက် ထွက်ပေါ်လာခဲ့ပြီး ၁ ရက်အကြာမှာပဲ ရှိတ်ခ် ဟာဆီနာက အထွေထွေ ညီလာခံကို တိုက်တွန်းသွားတာပါ။

ဒီလို ရန်ပုံငွေထောက်ပံ့မှု အသစ်အရ မြန်မာနိုင်ငံအပါအဝင် ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်းမှာ ဒုက္ခရောက်နေသူတွေကို အမေရိကန်နိုင်ငံရဲ့  စုစုပေါင်းထောက်ပံ့မှုက ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ ကျော် ရှိပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လမှာ မြန်မာစစ်တပ်ရဲ့  လူမျိုးတုံးသတ်ဖြတ်မှုကို ရှောင်လွှဲနိုင်ဖို့ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၇ သိန်း ၄ သောင်းကျော်အထိ နိုင်ငံတွင်းက ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013