Home
နိုင်ငံတကာ
လစ်ဗျားတွင် ရေကြီးရေလျှံမှု ဖြစ်နိုင်ခြေ အဆ ၅၀ ပိုများလာဟု သိပ္ပံပညာရှင်များပြော
DVB
·
September 20, 2023
Libya flood_Reuters_20092023

ရာသီဥတုဖောက်ပြန်မှုကြောင့် လစ်ဗျားမှာ လူအသေအပျောက်များတဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်နိုင်ခြေ အဆ ၅၀ ပိုများလာတယ်လို့ သိပ္ပံပညာရှင်တွေက စက်တင်ဘာ ၁၉ ရက်မှာ ပြောလိုက်ပါတယ်။

စက်တင်ဘာ ၁၀ ရက်က အင်အားပြင်းမုန်တိုင်းကြောင့် လစ်ဗျားနိုင်ငံ အရှေ့ပိုင်း ဒါနာမြို့မှာ ဆည်နှစ်ခုကျိုးပေါက်ခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။

ရာသီဥတု ပြောင်းလဲမှုကြောင့် အဲဒီကာလအတွင်း လစ်ဗျားမှာ ၅၀ ရာခိုင်နှုန်း ပိုပြီး မိုးရွာခဲ့တယ်လို့ နိုင်ငံတကာ သုတေသနအဖွဲ့ဖြစ်တဲ့ ကမ္ဘာ့ရာသီဥတု တွက်ချက်ရေးအဖွဲ့ World Weather Attribution မှ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

World Weather Attribution က ရာသီဥတုပြောင်းလဲမှုဟာ တိကျတဲ့ ရာသီဥတုဖြစ်စဉ်တွေမှာ ဘယ်လောက်အထိ ဘယ်အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်သလဲ ဆိုတာကို ဆုံးဖြတ်ဖို့ လုပ်ဆောင်တဲ့ နိုင်ငံတကာ သုတေသန ပူးပေါင်းဆောင်ရွက်မှုတရပ်လည်း ဖြစ်ပါတယ်။

ရာသီဥတု ဖောက်ပြန်မှုဟာ ရာသီဥတုကို အစွန်းရောက်မှု အဆင့်အသစ်ဆီ တွန်းပို့တယ်လို့လည်း သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013