Home
နိုင်ငံတကာ
လစ်ဗျားတွင် ဂရိအကူအညီပေးရေးဝန်ထမ်း ၅ ဦး သေဆုံး
DVB
·
September 19, 2023
Greek aid workers died_Reuters_19092023

လစ်ဗျားနိုင်ငံမှာ သဘောဝဘေးသွားရောက်ကူညီပေးနေတဲ့ ဂရိနိုင်ငံက လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးမစ်ရှင် အဖွဲ့ဝင် ၅ ဦးဟာ စက်တင်ဘာ ၁၇ ရက်က လမ်းမတော်တဆမှုတခုကြောင့် သေဆုံးခဲ့ပါတယ်။

အရပ်သား ၂ ဦး အပါအဝင် အကူအညီပေးရေးဝန်ထမ်း ၅ ဦး သေဆုံးခဲ့တယ်လို့ ဂရိကာကွယ်ရေးဝန်ကြီး နီကိုးစ် ဒန်ဒီယာစ်က စက်တင်ဘာ ၁၈ ရက် ကြေညာချက်ထဲမှာ ဆိုပါတယ်။

ဝန်ကြီး နီကိုးစ် ဒန်ဒီယာစ်ဟာ ဂရိစစ်တပ်ထဲမှာ ၃ ရက်ကြာ နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းခြင်းကာလကို ကြေညာခဲ့ပါတယ်။

အယ်လ်မာဆာ တီဗီရဲ့ ရုပ်သံဗီဒီယိုထဲမှာ ပြန့်ကျဲနေတဲ့ အပျက်အစီးတွေ ဘေးမှာ မီးလောင်ကျွမ်းနေတဲ့ ဘတ်စ်ကားတစီးကို ဝိုင်းအုံကြည့်ရှုနေကြသူတွေရဲ့ မြင်ကွင်းကို တွေ့မြင်ရပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013