အသက် ၆၀ နဲ့ အထက်လူကြီးတွေကို ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး အာနိသင်ထိန်းဆေး ထိုးနှံဖို့ ဂျာမန် ကျန်းမာရေး၀န်ကြီး ကားလ်လောက်တာဘာ က စက်တင်ဘာ ၁၈ ရက်မှာ တိုက်တွန်းခဲ့ပြီး ကိုဗစ်ကပ်ရောဂါ ကူးစက်မှုဟာ အအေးပတ်တာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီး လောက်တာဘာဟာ ကာကွယ်ဆေး အာနိသင် ထိန်းဆေးထိုးနှံခဲ့တဲ့ ဘာလင်မြို့တော်က ဂျာမန် စစ်ဆေးရုံဆီ သွားရောက်လည်ပတ် ပြီးတဲ့နောက် ခုလို စကားပြောဆိုခဲ့တာပါ။
အခုဆောင်းဦးရာသီမှာ ကိုရိုနာ ဗိုင်းရပ်စ်အများကြီး ကူးစက်ခံရမယ်လို့ ထပ်ပြီး ခန့်မှန်း ပြောဆိုခဲ့ပါတယ်။
ဂျာမနီနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အာနိသင်ထိန်းဆေး ထိုးဖို့ တောင်းဆိုသူ နည်းပါးနေပြီး လူနာတချို့က လက်ရှိပျံ့နှံ့နေတဲ့ Omicron BA.4/5 မျိုးဗီဇ အမျိုးအစားခွဲတွေကို တိုက်ဖျက်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ အာနိသင် ထိန်းဆေးကို လူနာတချို့က စောင့်ဆိုင်းနေတယ်လို့ အထွေထွေ ရောဂါကု ဆရာဝန်များအသင်းက ပြီးခဲ့တဲ့ သီတင်းပတ်က ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters