ယူကရိန်းစစ်ပွဲအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရုရှားစစ်သားတွေကို ကာကွယ်ရေးဝန်ကြီး ဆာဂျီ ရွှိုင်းဂူ ကိုယ်တိုင် စစ်ဘက်ဆိုင်ရာ ထိပ်တန်းဆုတံဆိပ်တွေ ပေးအပ်ခဲ့ပါတယ်။
စက်တင်ဘာ ၈ ရက်က စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေကို ဆုချီးမြှင့်ရာမှာ " ရဲစွမ်းသတ္တိနဲ့ သူရဲကောင်းဆန်မှု " တို့ကို ပြသနိုင်ခဲ့တာကြောင့် ဖြစ်တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာအနေနဲ့ ပြောပါတယ်။
ရုရှားဘက်ကတော့ ယူကရိန်းအပေါ် ကျူးကျော်မှုကို "အထူးစစ်ဆင် ရေး" ဆိုပြီး သုံးနှုန်းနေဆဲပဲ ဖြစ်ပါတယ်။
"ရုရှားရဲ့ သူရဲကောင်းများ" ဆိုတဲ့ ရွှေရောင်ကြယ်တံဆိပ်ကို အစဉ်အလာအတိုင်း ချီးမြှင်ပေးခဲ့တာ ဖြစ်တယ်လို့ ဝန်ကြီးဌာနအရ သိရပါတယ်။
“ဒီဆုတွေဟာ စစ်ဘက်ဆိုင်ရာ တာဝန်တွေအတွက် အမြင့် ဆုံးသော အသိအမှတ်ပြုမှု ဖြစ်ပါတယ်၊ ငါတို့တိုင်းပြည်နဲ့ ငါတို့ရည်ရွယ်ချက် အပေါ်မှာ သစ္စာရှိစွာနဲ့ ဆက်လက်တာဝန် ထမ်းဆောင်မယ်လို့ လည်း ယုံကြည်ပါတယ်။ အသက်ရှည်၊ ကျန်းမာဖို့ ဆုတောင်းပေးချင်သလို တာဝန်တွေပြီးမြောက်ဖို့ က လည်း အရေးကြီးဆုံးဖြစ်တယ်။” ဆိုပြီး ဆာဂျီ ရွှိုင်းဂူ အနေနဲ့ မှတ်ချက်ပေးပါတယ်။
Source/Photo-Reuters