Home
နိုင်ငံတကာ
ဘရားဇီးလ်၌ တွေ့သည့် ကျောက်ဖြစ်ရုပ်ကြွင်းက ဒိုင်နိုဆောမူလဇာစ်မြစ်ကို ပုံဖော်ပေးနိုင်မည်ဟု မျှော်လင့် 
DVB
·
August 19, 2023
213068248_346072060291120_6461376719075147088_n

ဘရားဇီးလ်နိုင်ငံမှာ တွေ့ရှိခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းဟာ ဒိုင်နိုဆောတွေနဲ့ တဲရိုဆောတွေရဲ့ မူရင်းဇာစ်မြစ်ပုံစံကို နားလည်လာနိုင်မယ့် သော့ချက်တစ်ခု ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ယုံကြည်ထားပါတယ်။

ဗန်တော်ရပ်တာ ဂတ်စ်စနေးလို့ အမည်ရတဲ့ တိရစ္ဆာန်တစ်ကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို ဘရားဇီးလ် ပညာရှင်ရိုဒရီဂီုတမ့်ပ်မူလာက တွေ့ရှိခဲ့တာပါ။ 

ရီယိုဂရန်ဒေဒူဆူလ်ပြည်နယ်ရဲ့  အလယ်ပိုင်းမှာ တွေ့ရှိခဲ့တဲ့ ဒီကျောက်ဖြစ်ရုပ်ကြွင်းက ရှေးခတ်ဒိုင်နိုဆောတွေရဲ့  မျက်နှာတွေနဲ့ ခန္ဓာကိုယ်တွေကို ပထမဆုံး ပုံဖော်ပေးနိုင်မယ့် မျှော်လင့်ချက်ရောင်ခြည် ဖြစ်တယ်လို့ မူလာက မှတ်ချက်ပေးပါတယ်။

သမိုင်းမတိုင်မီခေတ်က ဒီတိရစ္ဆာန်ဟာ ၁ မီတာလောက် ရှည်လျားပြီး လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၃၀ ကာလမှာ နေထိုင်ကျက်စားခဲ့တဲ့ သက်ရှိသတ္တဝါဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ယူဆထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013