Home
မြန်မာသတင်း
ထောက်ကြန့်တွင် ဘုန်းကြီး ၁ ပါး YBS တိုက်ခံရပြီး ပျံလွန်
DVB
·
August 17, 2023
YBS CarCrash 17082023

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်စျေးလမ်းဆုံအနီးက ထောက်ကြန့်စျေးမှတ်တိုင်၊ ပြည်လမ်းမပေါ်မှာ ဩဂုတ် ၁၇ ရက် မနက်ပိုင်းက YBS 35 တက်ကြိတ်ခံခဲ့ရတာကြောင့် ဘုန်းကြီးတပါး ပျံလွန်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကားကြိတ်ခံရလို့ ‌ပျံလွန်တဲ့ ဘုန်းကြီးဟာ မှော်ဘီမြို့နယ်ဘက်ကနေ ထောက်ကြန့်‌ဈေးကို နေ့တိုင်း ဆွမ်းခံကြွနေကျဖြစ်တယ်လို့ သိရပြီး မနက် ၈ နာရီခွဲလောက်က ပြည်လမ်းမကို လမ်းဖြတ်ကူးနေချိန် ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ YBS 35 က ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

မြို့ခံကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “သက်တော်က ၅၀ ကျော်လောက်ပါ။ မှော်ဘီဘက်က လာတယ်လို့ပဲ သိရပါသေးတယ်။ ဘုန်းဘုန်းဆီက သံသပိတ်တလုံးပဲ တွေ့ရတယ်။ ကျောင်းကို စုံစမ်းနေပါတယ်။ ဘယ်လိုဖြစ်တာလဲဆိုတော့ ဘုန်းဘုန်းက ဒီလမ်းမကြီးကို ဖြတ်ကူးရင်း အတိုက်ခံရတာ။ မနက် ၈ နာရီခွဲလောက်။ ကားဘယ်ဘက် ရှေ့ဘီးအောက်ထဲ ညပ်နေတာ။ ပွဲချင်းပြီးပါ” လို့ ပြောပါတယ်။

YBS 35 ဟာ ထောက်ကြန့်-မော်တင် ပြေးဆွဲနေတဲ့ ယာဉ်လိုင်းဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် YBS 35 ယာဉ်‌မောင်းကို ထောက်ကြန့်ရဲစခန်းမှာ ခေါ်ယူဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အဆိုပါနေရာကို ထောက်ကြန့်မြို့ အရပ်ဘက်အသင်းတွေနဲ့ သက်ဆိုင်ရာအဖွဲ့တွေက လာရောက်ကူညီခဲ့ကြပြီး ဘုန်းကြီးရုပ်အလောင်းကို ဘက်စုံအသင်းက အင်းစိန်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013