Home
သတင်းဓာတ်ပုံ
၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့်အထိမ်းအမှတ် တိုကျို နှင့် ဟော်ကိုင်းဒိုးတွင် ဆန္ဒပြ (ဓာတ်ပုံ) 
ဇော်ဇော်လှိုင်
·
August 8, 2023
8888 Tokyo 1
8888 HawKaiDo 1
8888 HawKaiDo 2
8888 HawKaiDo 3
8888 HawKaiDo 4
8888 HawKaiDo ၅
8888 HawKaiDo 6
8888 HawKaiDo 7
8888 HawKaiDo ၈
8888 Tokyo 2
8888 Tokyo 3
8888 Tokyo 4
8888 Tokyo 5
8888 Tokyo 6
8888 Tokyo 7
8888 Tokyo 8

ရှစ်လေးလုံးအရေးတော်ပုံ ၃၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဂျပန်ရောက် မြန်မာပြည်ဖွား တိုင်းရင်းသားပြည်သူတွေက တိုကျိုမြို့ရှိ စစ်ကောင်စီသံရုံးရှေ့ကို သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။

ချီတက်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံရောက် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့(ဂျပန်)က စည်းရုံးလှုံ့ဆော်ခဲ့တာဖြစ်ပြီး ဂျပန်ရောက်မြန်မာနိုင်ငံသားတွေအပြင် မြန်မာ့နွေဦးတော်လှန်ရေးကို ကူညီအားပေးနေတဲ့ ဂျပန်လူမျိုး‌တွေပါ  စုစုပေါင်းအင်အား ၃၀၀ နီးပါး လာရောက်ပူးပေါင်း ပါဝင် ခဲ့ကြပါတယ်။

ချီတက်ဆန္ဒပြပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်ကိုယ်စားလှယ် စောဘလှသိန်း CDM အတွင်းဝန် ဦးအောင်စိုးမိုးနဲ့ ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်းမြင့်တို့က ရှစ်လေးလုံး အမှတ်တရ စကားတွေအသီးသီးပြောကြားခဲ့ကြပါတယ်။

ဂျပန်နိုင်ငံ၊ ဟော်ကိုင်းဒိုးဆပိုရိုမြို့မှာလည်း ဂျပန်ရောက်မြန်မာတွေက  ၈၈၈၈ လူထုအရေးတော်ပုံ ၃၅ နှစ်ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုကို  နွေဦးတော်လှန်ရေးကို ကူညီအားပေးနေတဲ့ ဂျပန်လူမျိုးတွေနဲ့အတူ ဩဂုတ်လ ၆ ရက်နေ့က ပူးပေါင်း ပြုလုပ်ခဲ့ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013