Home
သတင်းဓာတ်ပုံ
ရှစ်လေးလုံး အရေးတော်ပုံ ၃၅ နှစ်ပြည့် ထီးသပိတ်လှုပ်ရှားမှု ဂျပန်တွင် ပြုလုပ် (ဓာတ်ပုံ) 
DVB
·
August 8, 2023
8888 Japan 1
8888 Japan 2
8888 Japan 3
8888 Japan 4
8888 Japan 5
8888 Japan 6
8888 Japan 7
8888 Japan 8
8888 Japan 9

၈၈၈၈ လူထုအရေးတော်ပုံ ၃၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ်  ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ  ထီးသပိတ်နဲ့  “ပေတရာပေါ်မှာ စီးတဲ့သွေးတွေ မခြောက်သေးဘူး" စာတန်း ချိတ်ဆွဲကာ စစ်အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။ 

မတရားမှုကို ခေါင်းငုံ့မခံတဲ့ ဂျပန်ရောက်မြန်မာလူငယ်တွေ ပါဝင်တဲ့  Revolution Tokyo Myanmar (R.T.M) အဖွဲ့က ဦးဆောင်ကာ ဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

R.T.M အဖွဲ့တာဝန်ခံတဦးက “အဓိက ကတော့ မနှစ်က ၈၈၈၈ နေ့အတွက် ပြည်တွင်းက တော်လှန်ညီနောင်တွေ ထီးသပိတ်နဲ့ လှုပ်ရှားခဲ့ကြတဲ့အခါ စကစရဲ့ ဖမ်းဆီးမှုကို ခံခဲ့ကြရပါတယ်။ အဲ့ဒါကို နာကြည်းစိတ်၊ ခံပြင်းစိတ်နဲ့အတူ မိမိရဲ့အသက်၊ ဘဝကိုတောင် ပဓာနမထားဘဲ ရဲရင့်တဲ့ စိတ်ဓာတ်နဲ့ တော်လှန်သွားကြတဲ့ ရန်ကုန် ထီးသပိတ် ညီနောင်တွေနဲ့ တခြားသော ပြောက်ကျားသပိတ် လုပ်နေကြတဲ့ အားလုံးသော တော်လှန်ညီနောင် မောင်နှမတွေနဲ့ တသားတည်း ရှိကြောင်း ပြသလိုစိတ်နဲ့ ၈၈၈၈ အထိမ်းအမှတ် လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

လှုပ်ရှားမှုအတွက်  ၂ ရက်လောက် အချိန်ပေးပြီး တိုကျိုမြို့တော်ရှိ ကုလသမဂ္ဂရုံးအဆောက်အဦနဲ့ စစ်ကောင်စီသံရုံး အပါအဝင် လူစည်ကားရာနေရာတွေမှာ ကြိုတင်သွားရောက်လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013