Home
သတင်းဓာတ်ပုံ
၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့် အကြိုသပိတ်လှုပ်ရှားမှု ရန်ကုန်တွင် ပြုလုပ်
DVB
·
August 7, 2023
8888 2
8888 1

၈၈၈၈ လူထုအရေးတော်ပုံကြီး ၃၅ နှစ်ပြည့် အကြိုသပိတ် အနေနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ်ကို ဒီကနေ့ ဩဂုတ်လ ၇ ရက်က  ရန်ကုန်မြို့ မှာ ပြုလုပ်ခဲ့ကြပါတယ်။

ကြည့်မြင်တိုင်ကွန်ရက် Kyimyindaing Networks (KMD18) နဲ့  မရမ်းကုန်းဒီမိုကရက်တစ်တပ်ဦး Mayangone Democratic Front (MDF) တို့ ပူးပေါင်းပြီး “အဆုံးသတ်တိုက်ပွဲ ငါတို့ နွှဲရမည်” စာတန်းနဲ့  လူငယ်တွေ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတာပါ။ 

(MDF) တာဝန်ရှိသူက  “ကျနော်တို့ ရှေ့ကမျိုးဆက်တွေရဲ့ မပြီးသေးတဲ့ လက်ဆင့်ကမ်းတာဝန်ကို ကျနော်တို့လက်ထက်မှာ အဆုံးသတ်တိုက်ပွဲဝင်ကြဖို့ပါပဲ၊ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ပြီး အာဏာရှင် အမြန်ဆုံးချုပ်ငြိမ်းအောင် အတူတိုက်ပွဲဝင်ကြပါစို့"လို့  ပြောပါတယ်။

ရန်ကုန်မြို့မှာ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက မြို့ပြပြောက်ကျား ဆန္ဒပြလူငယ်တွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးမှာ အခုလို ပါဝင်နေကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - MDF

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013