Home
မြန်မာသတင်း
ခင်ဦးမြို့နယ်၌ စစ်တပ်မီးရှို့မှုကြောင့်  မီးဘေးသင့်ပြည်သူ ၃၀၀၀၀ ကျော်ရှိလာ
DVB
·
June 8, 2023
Khin U War Victims

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုဒဏ် ခံလိုက်ရတဲ့ ကျေးရွာတွေက မီးဘေးသင့်ပြည်သူ ၃၀၀၀၀ ကျော်အထိရှိနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ရွှေဘိုခရိုင်အမှတ် ၂၂ တပ်ရင်းက ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းချိန်ကစလို့  ခင်ဦးမြို့နယ်အတွင်း ကျေးရွာပေါင်း ၇၄ ရွာမှ နေအိမ်ပေါင်း ၆၀၀၀ လောက်ကို မီးရှို့ဖျက်စီးခဲ့တာကြောင့် မီးဘေးသင့်ပြည်သူ သောင်းနဲ့ချီရှိနေတာ ဖြစ်ပါတယ်။

မီးဘေးသင့်ပြည်သူတွေဟာ ရွာတွေရဲ့အပြင်ဘက်နဲ့ ဘေးကင်းရာတောတွေဘက်မှာ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေရဲ့ ထောက်ပံ့ကူညီမှုနဲ့ နေထိုင်နေရပါတယ်။

မီးရှို့ခံရတဲ့ နေအိမ်တွေ ပြန်လည်တည်ဆောက်ဖို့အတွက်လည်း သစ်ဝါးနဲ့ စားနပ်ရိက္ခာဆေးဝါးလိုအပ်ချက်တွေ ရှိနေပါတယ်။

ရွှေဘိုခရိုင် တပ်ရင်း ၂၂ က တာဝန်ရှိသူက  “သူတို့အတွက် စားနပ်ရိက္ခာတော့အဓိကလိုအပ်နေပါတယ်။ အသက်လုပြေးနေရတော့ ကျန်းမာရေး လိုအပ်ချက်တွေလည်းရှိတာပေါ့။ ကျနော်တို့ကတော့ ပြည်သူတွေအတွက်နေထိုင်နိုင်ရုံလောက် အဆောက်အအုံလေးတွေပြန်ဆောက်ပေးနိုင်ရင်တော်ပါပြီ” လို့ ပြောပါတယ်။

ခင်ဦးမြို့နယ်ထဲက ကံသစ်ကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့ထောက်ခံတယ်ဆိုပြီး စစ်ကောင်စီတပ်က  ၄ ကြိမ်အထိ မီးရှို့ခဲ့လို့ အိမ်ခြေစုစုပေါင်း ၃၂၈ အိမ် မီးလောင်ပျက်စီးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013