Home
မြန်မာသတင်း
မိုခါမုန်တိုင်းသင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အတွက် ဂျပန်က အရေးပေါ်အကူအညီ ဒေါ်လာ ၂ သန်းပေးအပ်
DVB
·
June 6, 2023
347611521_621996706627348_2116777373588342476_n

မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အတွက် ဂျပန်အစိုးရက အရေးပေါ် အကူအညီ အမေရိကန် ဒေါ်လာ ၂ သန်း ပေးအပ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့  ဂျပန် နိုင်ငံခြားရေးဌာနက ဇွန်လ ၆ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

ဂျပန်အနေနဲ့ အရေးပေါ်အကူအညီတွေဖြစ်တဲ့ စားနပ်ရိက္ခာ၊ ရေနဲ့ အမိုးအကာပစ္စည်း လိုအပ်ချက်တွေကို ထောက်ပံ့ပေးနိုင်ဖို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နဲ့ အပြည်ပြည်ဆိုင်ရာရွေ့ပြောင်းသွားလာသူများအဖွဲ့ (IOM) တို့ကနေတဆင့် လှူဒါန်းမှာလို့ ဆိုပါတယ်။ 

လှူဒါန်းရာမှာ မြန်မာနိုင်ငံအတွက် WFP နဲ့ ICRC တို့ကနေတဆင့် အစားအစား၊ ရေနဲ့ အမိုးအကာတွေ   ဒေါ်လာ ၁ သန်းခွဲဖိုးနဲ့  ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်တော့ IOM ကနေတဆင့် ဒေါ်လာ ၅ သိန်း စုစုပေါင်း ဒေါ်လာ ၂ သန်းလှူဒါန်းမှာ ဖြစ်ပါတယ်။ 

မေလ ၁၄ ရက်နေ့က အင်အားအလွန်ပြင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်း စစ်တွေမြို့နယ်ကို ဦးတည်ဝင်ရောက် တိုတ်ခတ်သွားတာကြောင့်   မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှာ မုန်တိုင်းဒဏ်ကို အပြင်းအထန်ခံခဲ့ရသလို   ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းတွေမှာလည်း အပျက်အစီးတွေရှိခဲ့တာဖြစ်ပါတယ်။ 

Photo-ICRC

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013