Home
မြန်မာသတင်း
ချောင်းဆုံမြို့နယ်၌ ကိုဗစ်-၁၉ လူနာ ၁၃ ဦး တွေ့ရှိ
DVB
·
May 6, 2023
345159057_1011598153586614_6691547352319658620_n

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှာ  ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင် ကိုဗစ်-၁၉ လူနာ ၁၃ ဦး တွေ့ရှိခဲ့ပြီး ဒေသတွင်းက မြို့နယ်များထက် ကိုဗစ်ပိုးတွေ့ရှိသူ များပြားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ကိုဗစ်ပိုးတွေ့ လူနာဟာ မော်လမြိုင်မြို့မှာ ဒုတိယအများအဆုံးရှိခဲ့ပြီး ပေါင်မြို့နယ်ကတော့ တတိယအများဆုံးလို့ သိရပါတယ်။

ဧပြီနောက်ဆုံးပတ်ကနေ မေပထမပတ်ကုန်အထိ ကိုဗစ် လူနာဟာ ချောင်းဆုံမှာ ၁၃ ဦး၊ မော်လမြိုင်မှာ ၈ ဦး၊ပေါင်မှာ ၇ ဦး၊ မုဒုံမှာ ၆ ဦး၊ သံဖြူဇရပ်နဲ့ ကျိုက်ထိုမှာ ၃ ဦး၊ ကျိုက်မရောမှာ ၁ ဦး တွေ့ရှိခဲ့တာပါ။

အခုလို ကိုဗစ်ကူးစက်မှုတွေ ထပ်မံဖြစ်လာနေပေမဲ့ လူတွေက ပုံမှန်သွားလာနေကြသလို ကိုဗစ်စည်းကမ်းချက်ကို မလိုက်နာသရွေ့ ကူးစက်မှုတွေကတော့ ထပ်မံမြင့်တက်လာနိုင်တယ်လို့ ကိုဗစ်အရေးကူညီပေးနေတဲ့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ 

လက်ရှိ ကိုဗစ်အတည်ပြုလူနာတွေကို သက်ဆိုင်ရာမြို့နယ်အသီးသီးက ကိုဗစ်ကုသဆောင်တွေမှာ ကုသမှုပေးနေပြီး အတည်ပြုလူနာတွေကို နေအိမ်မှာ ကွာရန်တင်းထားထားတယ်လို့ ကိုဗစ်အရေးကူညီပေးနေတဲ့ကျန်းမာရေးလုပ်သားတွေက ပြောပါတယ်။ 

အခုတကျော့ပြန် ကိုဗစ်ကူးစက်ခံရတဲ့သူတွေထဲမှ ရောဂါပြင်းထန်သေဆုံးတဲ့ လူနာတွေ မွန်ပြည်နယ်မှာ  အခုချိန်ထိ မရှိသေးဘူးလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013