Home
မြန်မာသတင်း
ရန်ကုန်တိုင်း ရေကစားမဏ္ဍပ်များတွင် စစ်တပ်က စွမ်းအားရှင်များကို နေ့စားခပေး ခေါ်ထား
DVB
·
April 12, 2023
341016878_1283220059254483_2916235756752713069_n

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ရေကစားမဏ္ဍပ်တွေမှာ လုံခြုံရေးအနေနဲ့ စွမ်းအားရှင်တွေကို စစ်ကောင်စီတပ်က

နေ့စားခပေးပြီး ခေါ်ထားတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်မှာ  ဧပြီ ၁၁ က ဖွင့်လှစ်ခဲ့တဲ့ "လှိုင်ပိတောက်မေ" သင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားမှာ စွမ်းအားရှင်အချို့ကို စစ်တပ်က နေ့စားခပေး ခေါ်ယူတာ သိခဲ့ရတယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

"အဲ့နေ့ဖွင့်ပွဲတက်လာတဲ့အထဲမှာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတုန်းက တောင်ဥက္ကလာငွေကြာရံမှာ ဘုန်းကြီးနဲ့နိုင်ငံရေးသမားတွေကို ရိုက်တဲ့သူတွေပါတယ်၊ စစ်တပ်က နေ့စားခပေးပြီး ခေါ်သုံးတာ။" 

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ  မြောက်ပိုင်းခရိုင်ဥက္ကဋ္ဌ ဗိုလ်မှူးနေလင်း နေ့စားခနဲ့ ခေါ်ယူအသုံးပြုခဲ့သော လှိုင်သာယာမြို့အတွင်းရှိ ရပ်ကွက်နဲ့ကျေးရွာအချို့က စွမ်းအားရှင်တွေ ဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူးဟောင်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

"အဲ့ဒီတုန်းက ဘုန်းကြီးတွေရိုက်ခဲ့တဲ့ ၁၅ ရပ်ကွက်က ဆင်ကြီး ဝင်းတင်တို့အုပ်စုတော့ မပါဘူး၊ အခြားသူတွေတော့ပါတယ်။ ပုံထဲမှာပါတဲ့သူတွေကြည့်ပြီး မြို့ခံတွေက ဆုံးဖြတ်ပေးလိမ့်မယ်။" 

အလားတူပင် ဒဂုံအရှေ့၊ တာမွေ၊ ရန်ကင်း၊ မြောက်ဒဂုံ စတဲ့မြို့နယ် မဏ္ဍပ်တွေမှာလည်း နယ်ခံ လူမိုက်အချို့နဲ့ စွမ်းအားရှင်တွေကို ခေါ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒါ့အပြင်  မြို့နယ်ရေကစားမဏ္ဍပ်တွေမှာ  စစ်တပ်၊ ရဲ၊ စသုံးလုံး၊ ထောက်လှမ်းရေး အစရှိတဲ့ အဖွဲ့အစည်းတွေကို ထားရှိကာ လုံခြုံရေးကို ပိုမိုတင်းကျပ်ထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013