Home
မြန်မာသတင်း
နေအိမ်မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်း ပြည်သူများအတွက် နေအိမ်အလုံး ၆၀၀ လှူဒါန်းပြီးစီး
DVB
·
April 7, 2023
340188551_1382586405641860_6267604099137162951_n

စစ်ကိုင်းတိုင်း ရေဦး၊ ရွှေဘို၊ ဒီပဲယင်း ၊ အရာတော်မြို့နယ်ရှိ ကျေးရွာပေါင်း ၃၈ ရွာမှ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ပြည်သူတွေအတွက် နေအိမ်တွေကို S&C မီးဘေး စစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်ကာ တည်ဆောက်လှူဒါန်းခဲ့တာ နေအိမ် ၆၀၀ ရှိသွားပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ သုံးလအတွင်းမှာ နေအိမ်အလုံး ၅၀၀ တည်ဆောက်ပြီးစီးခဲ့ပြီး အခု ဧပြီ ၅ ရက်နေ့မှာတော့ လေးလအတွင်း စုစုပေါင်း နေအိမ် ၆၀၀ ပြည့်သွားတာလို့ သိရပါတယ်။

“အိမ်တွေပြန်တည်ဆောက်ဖို့ အဓိကကျတဲ့ ငွေကြေး အခက်အခဲတွေ၊ သွားလာရခက်ခဲတဲ့ နေရာတွေ၊ အသက် ဘေးအန္တရာယ်အခက်အခဲတွေ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ စသည်ဖြင့် အခက်အခဲမျိုးစုံကြားကနေပြီး နေအိမ်မီးရှို့ခံရတဲ့ ပြည်သူများအတွက် နားခိုစရာအရိပ်အဖြစ် အိမ်တွေ တည်ဆောက် ပေးနိုင်ခဲ့တာ၊ မီးရှို့ခံထားရတဲ့ ကျေးရွာများအတွက် နေအိမ်များ ပြန်လည် တည်ဆောက်ပေးဖို့ အိမ်အလုံးရေ ၁၀၀၀ အထိ ရည် ရွယ်ထားတယ်” လို့ S&C မီးဘေး စစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ပြည်တွင်းပြည်ပ အလှူရှင်တွေ စုပေါင်းတည်ဆောက် လှူဒါန်းထားတဲ့ နေအိမ်တွေ ပြည်သူကို အပ်နှံတဲ့အချိန်မှာလည်း အညာမြေဒေသ ပြန်လည် စိမ်းလန်းစေဖို့ ရည်ရွယ်ချက်နဲ့ အိမ်ရှင်ပြည်သူက သစ်ပင် ၅ ပင်ကို မဖြစ်မနေ စိုက်ပေးရတယ်လို့လည်း သိရပါတယ်။

မတ်လ ၁ လတာအတွင်း NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက စာရင်းပြုစု ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းထဲမှာ အကြိမ်ရေ ၅၀ မီးရှို့ဖျက်ဆီးမှုတွေပြုလုပ်ခဲ့ပြီး မီးလောင်ပျက်စီးခဲ့ရတဲ့ နေအိမ်ပေါင်း ၃,၁၀၇ လုံးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013