Home
မြန်မာသတင်း
ထိုင်းရောက်မြန်မာလုပ်သား ၁ ဦး ထိုင်းထီ ပထမဆုပေါက်၊ ငွေစိုက်ပေးသူကို ပြန်ခွဲပေး
DVB
·
March 20, 2023
336268483_556795769884097_7842020314437840077_n

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က ထွက်သွားတဲ့ ထိုင်းထီပေါက်ဂဏန်း ပထမဆု ၀၂၅၈၇၃ ကို ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း လယောင်းမြို့မှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၁ ဦးက  ကံ ထူးခဲ့ပြီးထီပေါက်သွားလို့  ဆုငွေ ထိုင်းဘတ် ၆ သန်း ( သိန်းပေါင်း ၆၀ ) ရရှိခဲ့ပါတယ်။ 

အဆိုပါလုပ်သားဟာ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်က ကိုမင်းဆိုသူ အသက် ၄၀ ကျော်ရွယ် ဂေါ်ရခါးလူမျိုးဖြစ်ကြောင်း၊ လယောင်းမြို့ ဟိုတယ်တခုမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားဖြစ်ပြီး သူတို့ဆီကို ထီသည်က လာရောင်းတော့ ၁၀ စောင် ဘတ် ၁၀၀၀  ဖိုးဝယ်ရာမှာ ဘတ် ၄၀ လိုနေလို့ အလုပ်သမားတစ်ယောက်က စိုက်ပေးခဲ့တာပါ။

ထီပေါက်ခဲ့ရင် ၄၀ ရာခိုင်နှုန်းပေးမယ်လို့ ကတိပြုထားတာကြောင့် သူ့ကိုပါ ခွဲပေးခဲ့တာလို့  ဆုငွေထုတ်ရေး လိုက်လံကူညီပေးခဲ့တဲ့ အေအေစီ အလုပ်သမားကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။ 

“ထီလက်မှတ်စုဝယ်တော့ ပိုက်ဆံ ၄၀ ဘတ်လိုနေတာနဲ့ အလုပ်သမား တယောက်က သူ့ပိုက်ဆံနဲ့ စိုက်ပေးတယ်။ ပေါက်ရင်သူ့ကို ၄၀ ရာခိုင်နှုန်းပေးမယ်လို့ ကတိပြုထားတာတဲ့။ သူတို့က အဲဒီထီလက်မှတ်တွေကို တယောက် တရွက်စီရွေးယူသွားကြတာ၊ ကိုမင်းယူလာတဲ့ အရွက်က ပထမဆုပေါက်တော့ သူလည်း ၄၀ ရာခိုင်နှုန်းပေးလိုက်တယ်။ အခွန်ဆောင်တာနဲ့ဘာနဲ့ဆိုတော့ ဘတ် ၂ သန်းနီးပါးပေးလိုက်တယ်၊ ကျန်တဲ့ငွေထဲက အခက်အခဲရှိအလုပ်သမားတွေကူညီဖို့ဆိုပြီး ကျနော်တို့ အေအေစီအလုပ်သမားအဖွဲ့ကို ဘတ် ၁ သိန်းလှူပါတယ်ခင်ဗျ။ ပြီးတော့ မြန်မာပြည်ကမိသားစုဆီပြန်ပို့မယ်၊ သူကတော့ အရင်သူဌေးဆီမှာဘဲ ပုံမှန်အလုပ်ဆက်လုပ်နေပါတယ်ခင်ဗျ၊”

အေအေစီ အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့အနေနဲ့ ၂၀၁၆ ခုနှစ်ကစ ဒီကနေ့ထိ ထီပေါက်တဲ့အလုပ်သမားတွေ အဆင်ပြေစွာဆုငွေထုတ်နိုင်ရေး၊ ဘေးရန်ကင်းရေးအတွက် လိုက်လံဆောင်ရွက်ပေးနေတာမှာ ပထမဆုပေါက်တဲ့သူတွေထဲမှာ ခုတခါပါဆိုရင် အယောက် ၄၀ ဦးမြောက် ဖြစ်သွားပြီလို့  ဦးခိုင်ကြီးက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013