Home
မြန်မာသတင်း
ထိုင်းအထည်ချုပ်စက်ရုံမှ မြန်မာလုပ်သားဇနီးမောင်နှံ ထိုင်းထီပထမဆုပေါက် 
DVB
·
September 2, 2024
Photo- M.H.A.C Ye Min

စက်တင်ဘာ ၁ ရက်က ထွက်သွားတဲ့ ဆုကြေး ဘတ်ငွေ ၆ သန်းတန် ထိုင်းထီပထမဆု ပေါက်ဂဏန်း ၁၉၉၆၀၆ ကို ထိုင်းနိုင်ငံ အထည်ချုပ်စက်ရုံတခုမှာ အလုပ်လုပ်နေတဲ့  မြန်မာလုပ်သားဇနီးမောင်နှံက ကံထူးရှင်အဖြစ် ဆွတ်ခူးရရှိသွားပါတယ်။ 

သူတို့ဇနီးမောင်နှံဟာ မန္တလေးတိုင်း မြင်းခြံခရိုင်ကနေ ထိုင်းနိုင်ငံ နွန်ထပူရီခရိုင် အထည်ချုပ်စက်ရုံမှာ လာလုပ်နေတာ ၈ နှစ်ရှိသွားပြီဖြစ်ပြီး ထီအမြဲထိုးခဲ့ကြောင်း၊ ဒီတခေါက်မှာလည်း ဘတ် ၁၀၀၀ ဖိုးနဲ့ ထီ ၁၀ စောင်ဝယ်ပြီး ကံစမ်းတာမှာ ၁ စောင်က ပထမဆုပေါက်သွားတာလို့ မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ M.H.A.C မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။ 

“ထီထွက်တော့ သူတို့တိုက်ကြည့်တယ်၊ ထီပေါက်တာလည်းသိရော တခြားမယုံကြည်ရတဲ့သူတွေကို ပြောမိရင် အလိမ်ခံရမှာစိုးလို့ ကျနော်တို့ဆီ ဖုန်းဆက်ပြီး အကူအညီတောင်းခဲ့တယ်။ ကျနော်တို့ M.H.A.C မဟာမိတ်အဖွဲ့က သူတို့ လုံခြုံရေးကိုပါ တာဝန်ယူပေးပြီး ဒီနေ့ စက်တင်ဘာ ၂ ရက် နေ့လယ်ပိုင်းကပဲ ဘဏ်မှာ ဆုငွေတွေ နေ့ချင်းပြီး ရအောင် ထုတ်ပေးလိုက်ပါပြီ။”

မြန်မာအလုပ်သမားကူညီရေးမဟာမိတ်အဖွဲ့အနေနဲ့ ထီပေါက်တဲ့ မြန်မာလုပ်သားတွေ ဘေးကင်းလုံခြုံစွာ ဆုငွေထုတ်နိုင်‌ရေး လိုက်လံကူညီဆောင်ရွက်ပေးနေတာမှာ ၁၀ နှစ်ကျော် ကာလအတွင်း  နှစ်စောင်တွဲ ကံထူးရှင် ၆ ဦး အပါအဝင် ၅၂  ဦးရှိသွားပြီလို့ ဆိုပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013