Home
မြန်မာသတင်း
မြန်မာရွှေ့ပြောင်းလုပ်သားဇနီးမောင်နှံ ထိုင်းထီပေါက်ပြီး ဘတ်ငွေ ၁၂ သန်းရရှိ
DVB
·
September 6, 2022
302817472_2157053824466163_4974969446024311675_n

ထိုင်းနိုင်ငံ၊ ဘန်ကောက်အနီး၊ စမွတ်စခွန်းခရိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ဇနီးမောင်နှံဟာ စက်တင်ဘာ ၁ ရက်က ထွက်တဲ့ ထိုင်းထီပထမဆုပေါက်ဂဏန်း ၉၂၉၃၃၂ ကို ၂ စောင်လုံးပေါက်ခဲ့လို့  တစောင်ဘတ် ၆ သန်းနဲ့  စုစုပေါင်း ဘတ်ငွေ ၁၂ သန်းရရှိသွားပါတယ်။ 

အဆိုပါဇနီးမောင်နှံမှာ စမွတ်စခွန်းက စက်ရုံတစ်ရုံမှာအလုပ်လုပ်နေတာဖြစ်ပြီး အသက် ၂၅ နှစ်ဝန်းကျင်ရှိပြီး လက်ရှိနိုင်ငံရေးအခြေအနေအရ လုံခြုံရေးစိတ်မချလို့ ကာယကံရှင်တွေက သူတို့အမည်နဲ့လိပ်စာတွေ မဖော်ပြဖို့မေတ္တာရပ်ခံထားပါတယ်။

ဆုငွေတွေကိုတော့ မနေ့က သွားရောက်ကူညီထုတ်ပေးခဲ့ပြီးဖြစ်တယ်လို့ အေအေစီ အလုပ်သ မားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ဦးဆောင်သူ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။ 

“ဆုငွေကတော့ မနေ့ကပဲ သွားထုတ်လိုက်ပါပြီ ကျနော်တို့အဖွဲ့ကလူတွေသွားကူပြီး ထုတ်ပေးခဲ့ပါတယ်။  ၁ စောင်ကို ဘတ် ၆ သန်းနဲ့ နှစ်စောင်ဆိုတော့ ဘတ် ၁၂ သန်းပေါ့ ၊ နေ့ချင်းပြီး ထုတ်ပြီးပါပြီ။”

ထီပေါက်တဲ့ဇနီးမောင်နှံဟာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေလှူမှာဖြစ်သလို NUG အစိုးရရဲ့ ငွေတိုက်စာချုပ်တွေလည်း ဝယ်ယူအားပေးသွားဖို့ အစီအစဉ်ရှိနေတယ်လို့ ကိုရဲမင်းက ပြောပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013