Home
မြန်မာသတင်း
ပခုက္ကူတွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဆန္ဒပြ
DVB
·
March 8, 2023
Screenshot 2023-03-08 105745
Screenshot 2023-03-08 105801
Screenshot 2023-03-08 105818
Screenshot 2023-03-08 105902
Screenshot 2023-03-08 105931 2
Screenshot 2023-03-08 110017 3

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ ဒီနေ့ မတ်လ ၈ ရက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အနေနဲ့ ပခုက္ကူလူထုတိုက်ပွဲကော်မတီ ဦးဆောင်ပြီး BEGSC နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းကာ ဆန္ဒပြလှုပ်ရှားမှုနဲ့  ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

ပခုက္ကူ လူထုတိုက်ပွဲကော်မတီ တာဝန်ရှိသူက“မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးဆုံးရှုံးမှုတွေ၊ ညှဉ်းပန်းနှိပ်စက်လုပ်ခံရမှုတွေ၊ အမျိုးသမီးတွေကို အမျိုးသမီးမို့လို့ဆိုပြီး အခွင့်အရေး မပေးခံရမှုတွေ၊ အဲ့ဒီစိတ်တွေ အစွဲတွေကို ဖျောက်ဖျက်ပြီးတော့ ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ပြည့်မီတဲ့ အမျိုးသမီးထု အခွင့်အရေးအတွက် ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်” လို့ ပြောပါတယ်။

ဆန္ဒပြလှုပ်ရှားမှုနဲ့ ဟောပြောပွဲမှာ ပခုက္ကူခရိုင်အတွင်းက အမျိုးသမီးတွေပါဝင်ခဲ့ကြပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လုံခြုံရေးယူပေးခဲ့ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013