Home
သတင်းဓာတ်ပုံ
စစ်တွေမြို့ တန်ဆောင်မုန်းလပြည့်နေ့ ဝင်္ကဘာပွဲတော် (ဓာတ်ပုံ)
DVB
·
November 8, 2022
Sittway Winkabar festival 10
Sittway Winkabar festival 09
Sittway Winkabar festival 08
Sittway Winkabar festival 07
Sittway Winkabar festival 06
Sittway Winkabar festival 05
Sittway Winkabar festival 04
Sittway Winkabar festival 03
Sittway Winkabar festival 02
Sittway Winkabar festival 01

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ နိုဝင်ဘာ ၇ ရက် တန်ဆောင်မုန်းလပြည့်နေ့ညက  ဝင်္ကဘာပွဲတော်ကို ကိုဗစ်အလွန်ကာလမှာ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပခဲ့ပါတယ်။

စစ်တွေဒေသခံတယောက်က “တန်ဆောင်မုန်းပထမနေ့က သိပ်မစည်ဘူးဗျ။ လပြည့်နေ့မှာ ပိုစည်လာတာ။ လူတွေကလည်း ကိုဗစ်နဲ့ ပွဲတွေမကျင်းပရတာကြာတော့ စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်ချင်ကြတာပေါ့။ ဒါတောင် မနေ့က RV မှာ ပစ်ခတ်မှုဖြစ်လို့၊ မဟုတ်ရင် ဒီထက်စည်ကားဦးမှာ” လို့ ပြောပါတယ်။

နိုဝင်ဘာ ၆ ရက်က ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဦးဟာ စစ်တွေကမ်းနားလမ်းရှိ RV စားသောက်ဆိုင်မှာ သေနတ်နဲ့ ၄ ချက်ပစ်ခတ်ခံရလို့ စစ်တွေဆေးရုံကြီးမှာ အရေးပေါ် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။

နိုဝင်ဘာ ၇ ရက် ညနေပိုင်းမှာတော့ လောကနန္ဒာပုထိုးတော်ရဲ့ ရင်ပြင်မှာ ဆီးမီးထွန်းပူဇော်ပွဲ ကျင်းပခဲ့သလို စစ်တွေမြို့ မိဇံရပ်ကွက်ရှိ ကိုရီးယားဆိပ်ကမ်း၊ ရန်ပြေမာန်ပြေဘုရားကြီး အနီးမှာလည်း မီးပုံးပျံတင်ပွဲနဲ့ ဆီမီးပူဇော်ပွဲ ကျင်းပခဲ့ပါတယ်။

“လပြည့်နေ့မှာ ဝင်္ကဘာပွဲကတော့ အစည်ကားဆုံးပါ။ လောကနန္ဒာပုထိုးတော်ကြီးမှာ ဆီမီးပူဇော်ပွဲရှိတယ်။ ကိုရီးယားဆိပ်ကမ်းက ရန်ပြေမာန်ပြေဘုရားကြီး ရင်ပြင်မှာလည်း မီးပုံးပျံလွှတ်ပွဲနဲ့ ဆီမီးပူဇော်ပွဲတော့ရှိတယ်။ ဒါပေမဲ့ ဝင်္ကဘာပွဲက အထူးစည်ကားပါတယ်။”

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နဲ့ တခြားမြို့တွေမှာလည်း နိုဝင်ဘာ ၆ ရက်ကစတင်ပြီး တန်ဆောင်တိုင်ပွဲတွေ ကျင်းပနေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013