Home
မြန်မာသတင်း
CDM သူနာပြုဆရာမတဦး ထိုင်းရဲလိုက်ဖမ်းသဖြင့် မြစ်ထဲခုန်ချရာမှ သေဆုံး
DVB
·
October 9, 2022
473108-Htee-Gyiant-730x365

ထိုင်း-မြန်မာနယ်စပ်တနေရာမှာ CDM သူနာပြုဆရာမတယောက်ဟာ ထိုင်းရဲတွေလိုက်လို့ ထွက်ပြေးရင်း မြစ်ထဲခုန်ချတာကြောင့် သေဆုံးသွားပါတယ်။

အသက် ၂၆ နှစ်အရွယ် မသိင်္ဂီ(အမည်လွှဲ)ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်က ထိုင်းနိုင်ငံဘက်ကို မှောင်ခိုလမ်းကသွားနေတုန်း ထိုင်းရဲတွေဖမ်းဖို့လိုက်တာကြောင့် မြစ်ထဲဆင်းပြေးရတာလို့ မိတ်ဆွေတယောက်က ပြောပါတယ်။

"သူတို့ ဟိုဘက်ကမ်းလည်းရောက်ရော ထိုင်းရဲတွေက သတင်းရလို့ လိုက်ဖမ်းကြတယ်။ အဖမ်းခံလို့ မဖြစ်ဘူးဆိုတဲ့စိတ်နဲ့ ဟိုပြေးဒီပြေးကြ။ သူတို့က ပထမ လှေပေါ်ပြေးတက်ကြတာ။ လှေက ကမ်းမှာတင် မြုပ်သွားတော့ ရေကူးပြီး ဒီဘက်ကမ်းကို ပြန်လာမယ်ပေါ့။ သူက အဲမှာတင် မကူးနိုင်တော့ဘဲ ဒီတိုင်းပါလာတာ။ သူ့ယောကျာ်းပဲ ဆွဲခေါ်ကူးခဲ့တာ။ ကြားထဲ လှေတစီးလာကယ်သွားလို့ သူ့ယောကျာ်းလည်းအသက်ရှင်သွားတယ်။ သူ့ကိုတော့ အသက်ကယ်ပေမယ့်မရတော့ဘူး။" 

ရဲဖမ်းခံရရင် ထောင်အချုပ်ဖြစ်ဖြစ်၊ ဒဏ်ငွေဖြစ်ဖြစ် ပြစ်ဒဏ်ခံရမှာဖြစ်ပြီး ငွေပြန်ရှာဖို့ မလွယ်တာကြောင့် လွတ်ဖို့စိတ်တခုတည်းနဲ့ ထွက်ပြေးခဲ့ကြတာလို့ မသိင်္ဂီအမျိုးသားရဲ့စကားကိုလည်း သူက တဆင့်ပြောပြပါတယ်။

မသိင်္ဂီဟာ စစ်အာဏာသိမ်းကတည်းက CDM လုပ်ခဲ့တာဖြစ်ပြီး စားဝတ်နေရေးအတွက် ရရာအလုပ်တွေနဲ့ ရုန်းကန်နေခဲ့တာလို့လည်း သူ့မိတ်ဆွေက ပြောပါတယ်။

"အခုက ထိုင်းကိုသွားပြီး အလုပ်လုပ်ကြမလို့ သူနဲ့ သူ့ယောကျာ်းနဲ့ တိုင်ပင်ပြီး ထွက်ခဲ့ကြတာ။ ကြားထဲလည်း အလုပ်မရှိလို့  စျေးရောင်းလိုက်၊ ဆေးတွေရောင်းလိုက် အကုန်လိုက်လုပ်ပါတယ်။" 

ကွယ်လွန်သူ သူနာပြု မသိင်္ဂီမှာ အသက် ၃ နှစ်အရွယ် သားတယောက်ကျန်ခဲ့တယ်လို့လည်း ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013