ရွှေတိဂုံစေတီတော်မှာ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ ဘုရားဖူးပြည်သူတွေနဲ့ စည်ကားနေပါတယ်။
ဂေါပကအဖွဲ့ကလည်း လပြည့်နေ့မနက်ပိုင်းမှာ ရွှေတိဂုံစေတီတော်ကို အရုဏ်ဆွမ်းတော်ကြီး ကပ်လှူပူဇော်ခဲ့ကြသလို အဖိတ်နေ့ညကလည်း စေတီပေါ်မှာ မီးပုံးတွေ အလှဆင်ကာ ဆီးမီးထွန်းညှိပြီး မီးထွန်းပွဲတော်ကို ကျင်းပခဲ့ကြပါတယ်။
သီတင်းကျွတ်လပြည့်မှာ ဘုရားဖူးပြည်သူတွေ များခဲ့ပေမယ့် ဝါဆိုလပြည့်နေ့တုန်းကလောက်တော့ ကြိတ်ကြိတ်တိုး စည်ကားတာမျိုးတော့ မရှိခဲ့ပါဘူး။
သီတင်းကျွတ်လဟာ ရဟန်းသံဃာတွေ ဝါဆိုခြင်းမှ ပြီးဆုံးပြီလို့ အဓိပ္ပာယ်သက်ရောက်ပြီး ဗုဒ္ဓဘာသာဝင်တွေဟာ နတ်ပြည်မှာ တရားဟောပြီး ပြန်လည်ကြွချီလာတဲ့ မြတ်စွာဘုရားကို မီးစောင်းတန်းတွေ ထွန်းညှိပူဇော်ကာ မီးထွန်းပွဲတော်ကို ဆင်ယင်ကျင်းပခဲ့ကြတဲ့နေ့လည်း ဖြစ်ပါတယ်။