Home
မြန်မာသတင်း
သီတင်းကျွတ်လပြည့်နေ့ အမှတ် ၁၁၀၇ PDF တပ်ရင်းက သက်ကြီးဘိုးဘွားများကို ကန်တော့
DVB
·
October 9, 2022
307663034_3239224306334823_6421024858213804654_n

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်စစ်ဌာနချုပ်၊ အမှတ် ၁၁၀၇ ပြည်သူ့ကာကွယ်ရေးတပ်ရင်းက တပ်ဖွဲ့ဝင်တွေဟာ သီတင်းကျွတ်လပြည့်နေ့မှာ ဒေသခံ သက်ကြီးဘိုးဘွားတွေကို ကန်တော့ပြီး ကုသိုလ်ယူခဲ့ကြပါတယ်။

"ကျနော်တို့တပ်ရင်းက ရဲဘော်များ ဘေးအန္တရာယ်၊ ရန်အမျိုးမျိုးတို့မှ လွတ်မြောက်ပြီး တိုက်ပွဲတိုင်း အောင်နိုင်ဖို့အတွက် ကယန်းဓလေ့ထုံးတမ်းစဉ်လာတခုဖြစ်တဲ့ အသက်ကြီးဝါကြီး ဘိုးဘွားများက လက်ကောက်ဝတ်မှာ ချည်ပတ် ကောင်း​ချီးမင်္ဂလာပေး မေတ္တာပို့ဆုတောင်းပေးခဲ့ပါတယ်"လို့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ကယန်းလူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းစဥ်လာမှာ သက်ကြီး ဝါကြီးတွေက ရိုးရာချည်မျှင်ချီပေးရင် အန္တရာယ်အမျိုးမျိုးကနေ ကင်းတယ်လို့ ယုံကြည်ကြပါတယ်။

"ကယန်းရိုးရာချည်မျှင် ချီပေးသူ​တွေက အသက် ၅ဝ ကျော်သူဖြစ်ရမယ်။ ​ရှေ့တန်းမထွက်ခင်မှာ ချည်မျှင်ချီ​ပေးရင် ပိုအန္တရာယ်ကင်းတယ်လို့ ယုံကြည်ကြပါတယ်" လို့ ရဲဘော်တဦးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အခြားသော တပ်ရင်းတပ်ဖွဲ့တွေလည်း ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်သီတင်းကျွတ်လပြည့်နေ့မှာ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013