မန္တလေးမြို့ နေရာ ၂ ခုမှာ အောက်တိုဘာ ၉ ရက် သတင်းကျွတ်လပြည့်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနက် ၇ နာရီခွဲဝန်းကျင်က ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင် ရန်ကုန်-မန္တလေးရထားသံလမ်းမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် မနက် ၈ နာရီ ၄၀ မိနစ်ကလည်း ၆၂ လမ်း၊ ၂၇ လမ်း ၂၈ လမ်းကြား လမ်းလယ်ပန်းခုံမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ကားတစီး ထိခိုက်ကာ အမျိုးသမီးတဦး ဒဏ်ရာ အနည်းငယ် ရခဲ့တယ်လို့ အနီးဝန်းကျင်နေသူ တဦးက ပြောပါတယ်။
ပေါက်ကွဲတဲ့နေရာကို စစ်ကောင်စီတပ်က ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်မှာ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။