Home
မြန်မာသတင်း
ရုံးပိတ်ရက်တချို့နှင့် အစားထိုးရုံးပိတ်ရက်များကို စစ်ကောင်စီ ဆက်လက်ပယ်ဖျက်
DVB
·
August 30, 2022
349252-mpa2019-10-2-730x365

ရုံးပိတ်ရက်တချို့နဲ့ အစာထိုးရုံးပိတ်ရက်တွေကို စစ်ကောင်စီက ဆက်လက်ပယ်ဖျက်ထားတယ်လို့ သိရပါတယ်။

၂၀၂၃ အတွက် ရုံးပိတ်ရက်တွေကို စစ်ကောင်စီက ထုတ်ပြန်ခဲ့ရာ နိုင်ငံတကာနှစ်ကူးပိတ်ရက် မပါတော့သလို၊ ခရစ္စမတ်ပိတ်ရက်ဟာလည်း တရက်တည်း ပေးထားပါတယ်။

ဒါ့အပြင် စနေ၊ တင်္ဂနွေနေ့တွေနဲ့တိုက်တဲ့ ရုံးပိတ်ရက်တွေ အစားထိုးပိတ်ရက် ပြန်ပေးထားတာမျိုးလည်း မရှိတော့ပါဘူး။

အလုပ်သမားသမဂ္ဂခေါင်းဆောင်တဦးက “အလုပ်ရှင်တွေအကြိုက် ပိတ်ရက်တွေ လျှော့ပေးတာ။ အလုပ်သမားတွေအတွက်တော့ နစ်နာတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ရုံးပိတ်ရက်ကို ၂၀၂၂ က စတင်ပြောင်းလဲသတ်မှတ်ခဲ့တာဖြစ်ပြီး လာမယ့်နှစ်အတွက်လည်း ရုံးပိတ်ရက်တွေ ဆက်လက်လျှော့ချခံထားရတာ ဖြစ်ပါတယ်။

NLD အစိုးရလက်ထက်မှာ နိုင်ငံတကာနှစ်ကူးပိတ်ရက်ကို ရုံးပိတ်ရက်အသစ်အနေနဲ့ သတ်မှတ်ပေးခဲ့သလို အစားထိုးပိတ်ရက်တွေလည်း ပေးခဲ့ပါတယ်။

စစ်ကောင် စီသတ်မှတ်တဲ့ ရုံးပိတ်ရက်ဟာ တနှစ်လုံး ၂၇ ရက်ရှိပြီး ယခင်က ရက် ၃၀ ကျော်ရှိကာ အဲဒီကမှ အစားထိုးပိတ်ရတွေကိုပါ အလုပ်သမားတွေ ထပ်မံခံစားခွင့်ရရှိကြတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013