Home
သတင်းဓာတ်ပုံ
၃၄ နှစ်မြောက် ရှစ်လေးလုံးနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး တိုကျိုတွင် ချီတက်ဆန္ဒပြ
ဇော်ဇော်လှိုင်
·
August 8, 2022
8888 Tokyo 1
8888 Tokyo 2
8888 Tokyo 3
8888 Tokyo 4
8888 Tokyo 5
8888 Tokyo 6
8888 Tokyo 7
8888 Tokyo 8
8888 Tokyo 9
8888 Tokyo 10
8888 Tokyo 11
8888 Tokyo 12
8888 Tokyo 13
8888 Tokyo 14
8888 Tokyo 15
8888 Tokyo 16
8888 Tokyo 17

ရှစ်လေးလုံး ၃၄ နှစ်မြောက် အထိမ်းအမှတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြပြွကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဩဂုတ် ၈ ရက် ဒီနေ့ ပြုလုပ်ကြပါတယ်။

မြန်မာ့အရေး စိတ်ဝင်စားတဲ့ ဂျပန်လူမျိုးတွေအပါအဝင် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား ရာနဲ့ချီကာ လူစည်ကားတဲ့ တိုကျိုမြို့ ဂိုးဒန်းဒအရပ်မှ စတင်ကာ စစ်ကောင်စီလက်အောက်ခံ တိုကျိုသံရုံးကို ဖြတ်ကာ ချီတက်ဆန္ဒပြခဲ့ကြပြီး သံရုံးရှေ့မှာလည်း ၂ နာရီကျော်လောက် ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

အာဏာရှင်ကို ဆန့်ကျင်ခဲ့တဲ့ သမိုင်းဝင် ရှစ်လေးလုံးကြီး ၃၄ နှစ်ရှိပေမယ့် အခုထိ မြန်မာပြည်မှာ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေတာကို ဂျပန်ပြည်သူတွေ ပိုမိုသိရှိအောင် လူစည်ကားတဲ့အရပ်မှာ လှည့်လည်ဆန္ဒပြရတာလို့ ချီတက်ပွဲ ဦးဆောင်သူတဦးဖြစ်တဲ့  ဦးကျော်ကျော်စိုးက ဒီဗွီဘီကို ပြောပါတယ်။

မတရားဖိနှိပ်မှုကို မခံချင်လို့ လူထုလှုပ်ရှားမှုနဲ့ တပါတီ အာဏာရှင်စနစ်ကို ဖြိုချနိုင်ခဲ့တဲ့ ရှစ်လေးလုံး စိတ်ဓာတ်တွေနဲ့ အခုခေတ်လူငယ်တွေရဲ့ ဇွဲ၊ စွမ်းပကား စွန့်လွှတ်ရဲတဲ့သတ္တိတွေနဲ့ ပေါင်းစပ်တဲ့ နွေဦးတော်လှန်ရေးဟာ မုချအောင်မြင်ရမယ် ယုံကြည်တယ်လို့လည်း သံရုံးရှေ့ ရှစ်လေးလုံး အထိမ်းအမှတ် ဆန္ဒပြပွဲ လာရောက်ပူးပေါင်းခဲ့သူ ဦးမြတ်သူက ပြောပါတယ်။

၃၄ နှစ်မြောက် တိုကျို ရှစ်လေးလုံး ချီတက်ဆန္ဒပြပွဲမှာ ထူးခြားမှုကတော့ ဂျပန်ရောက် မြန်မာနိုင်ငံသာတွေနဲ့အတူ မြန်မာ့အရေး စိတ်ဝင်စားတဲ့ ဂျပန်အလုပ်သမားသမဂ္ဂတွေ၊ ဂျပန်အန်ဂျီအိုအဖွဲ့တွေပါ အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆိုင်းဘုတ်တွေ ကိုင်စွဲကာ ချီတက်ဆန္ဒပြ တောင်းဆိုခဲ့တာကို တွေ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013