Home
မြန်မာသတင်း
မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားဖွင့်ရန် ထိုင်းဘက်က ပြင်ဆင်
DVB
·
April 30, 2022
278863658_365189148891910_426058924868325401_n-1
278863658_365189148891910_426058924868325401_n
279110403_1020551368872147_7478715519831633734_n

မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)ကို ပြန်လည်ဖွင့်လှစ် အသုံးပြုနိုင်ဖို့အတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို ထိုင်းစစ်တပ်၊ ရဲနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေ မဲဆောက်မြို့မှာ ဧပြီလ ၃၀ ရက်က ဆွေးနွေးခဲ့ကြပါတယ်။

အစည်းဝေးမှာ ထိုင်းဗိုလ်မှူးကြီး နရုံးချိုင်း ကျလုံးချိုင်း ဦးဆောင်ပြီး မဲဆောက်မြို့မရဲစခန်း ရဲမှူးကြီး မွန်းစပ်ကယောက်အွန် လည်းပါဝင်တက်ရောက်တဲ့အပြင် မဲဆောက်နယ်စပ်မြို့နဲ့ သက်ဆိုင်တဲ့ ဌာနဆိုင်ရာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့မှ ပါဝင်တက်ရောက်ကြပြီး လူနဲ့ ကားစစ်ဆေးရေးအဝင်အထွက်ကိစ္စတွေကို လဝကဥပဒေ၊ နိုင်ငံခြားဥပဒေနဲ့ နှစ်နိုင်ငံအစိုးရ သဘောတူစာချုပ်ပါအတိုင်းဆောင်ရွက်ဖို့၊ ထိုင်းနိုင်ငံလုံခြုံရေးထိပါးစေမယ့်ကိစ္စတွေ  ကြိုတင်ပြင်ဆင်ဖို့၊ လူသွားလမ်းတွေ  စနစ်ကျပြင်ဆင်ဖို့နဲ့ လုပ်ငန်း လွယ်ကူချောမွေ့ရေးအဖွဲ့တွေ ပေါင်းပြီး လက်တွဲဆောင်ရွက်ကြဖို့ စတာတွေ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။

ထိုင်းအစိုးရက  ထိုင်းနိုင်ငံ နယ်စပ်ဂိတ် ၁၇ ခုကို  မေလ ၁ ရက် မနက်ဖန် စတင်ဖွင့်လှစ်မယ်လို့ ကြေညာထားပြီး မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ် ၁ ဖွင့်မယ့် အခြေအနေကိုတော့ မြန်မာအစိုးရထံကနေ  ခွင့်ပြုချက်ရဖို့  ထိုင်းဌာနဆိုင်ရာက စောင့်ဆိုင်းနေပါတယ်။

မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ် ၁ ဟာ  ၂၀၂၀  ပြည့်နှစ်ကလည်းက  ကိုဗစ်-၁၉  ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ပိတ်ထားရတာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013