Home
မြန်မာသတင်း
မွန်ဝန်ကြီးချုပ်အပေါ်စွဲထားသည့် ရွေးကောက်ပွဲအမှု ရုံးထုတ် စစ်ဆေး
DVB
·
April 5, 2022
277761142_1848597562137837_3621481205704415719_n

ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု အပါအဝင် အမှု ၃ မှုအတွက် မော်လမြိုင်မြို့နယ်တရားရုံးမှာ  ဧပြီ ၅ ရက်က   ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) နဲ့ အမှု တစ်မှု၊ ပုဒ်မ ၁၇၁ (စ)နဲ့ အမှု နှစ် မှု ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

အဲဒီရွေးကောက်ပွဲအမှုတွေအတွက် ပြီးခဲ့တဲ့ မတ်လ ၂၉ ရက် ရုံးချိန်းမှာ စစ်ကောင်စီတရားသူကြီးက စွဲချက်တင် အမိန့်ချမှတ်ထားတာဖြစ်ပြီး ဝန်ကြီးချုပ် ဒေါက်တာအေးဇံကတော့ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ ရွေးကောက်ပွဲအမှုတွေကို စစ်ကောင်စီ မော်လမြိုင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲခွဲ့အတွင်းရေးမှူး ဦးထင်ကျော်က တရားလိုအဖြစ် ဆောင်ရွက်နေတာပါ။

လက်ရှိမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိ လိုက်စားအမှု အမှု ၉ မှု၊ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု အမှု ၃ မှု ၊ စုစုပေါင်း အမှု ၁၂ မှုနဲ့ တရားရင်ဆိုင်နေရတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013