Home
အနုပညာ
၂၀၂၂ ခုနှစ် Miss Eco International ပြိုင်ပွဲယှဉ်ပြိုင်ရန် အလှမယ် မေမွန် အီဂျစ်သို့ ရောက်ရှိ
DVB
·
March 7, 2022
May Mon

အာဏာသိမ်းစစ်ကောင်စီလက်ထက် ၂၀၂၂ ခုနှစ် Miss Eco International အလှမယ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ နိုင်ငံပေါင်း ၇၀ ကျော်က အလှမယ်တွေနဲ့အတူ မြန်မာအလှမယ် မေမွန် အီဂျစ်နိုင်ငံကို ရောက်ရှိနေပါတယ်။

ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လိုတဲ့ အလှမယ်တွေကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ကုန်ပိုင်းလောက်ကတည်းက ခေါ်ယူခဲ့တာဖြစ်ပြီး ပြိုင်ပွဲဝင်တွေထဲက ပဏာမ ဆန်ကာတင် အလှမယ်တွေကို ကနဦး ရွေးချယ်ခဲ့ပြီး Challenge တွေနဲ့ ယှဥ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

အလှမယ်ပြိုင်ပွဲ နောက်ဆုံးအဆင့်မှာတော့ အသက် ၂၄ နှစ်အရွယ် ဗမာ+အာခါ တိုင်းရင်းသူ အလှမယ် မေမွန်က သရဖူ ဆွတ်ခူးရရှိခဲ့တာပါ။

Miss Eco International အလှမယ်ပြိုင်ပွဲတွေကိုတော့ မြန်မာနိုင်ငံက ၂၀၁၆ ခုနှစ်ကစ တင်ကာ စေလွှတ်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး အဲဒီနှစ်မှာ အလှမယ် နန်းဆိုင်လိမ့်ခမ်း၊ နောက် တနှစ် ၂၀၁၇ ခုနှစ်မှာတော့ အလှမယ် မေမြတ်နိုးခင်၊ ၂၀၁၈ ခုနှစ်မှာ အလှမယ် ခခစံနဲ့ ၂၀၁၉ ခုနှစ်မှာ အလှမယ် သိုင်းသူသူသွေးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။

အဲဒီနောက် ၂၀၂၀ ပြည့်နှစ်မှာတော့ အလှမယ် နန်းဝေဝေထွန်းက  သွားရောက်ယှဥ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013