အီဂျစ်ဖာရိုးဘုရင်မ နက်ဖာတီတီရဲ့ ကိုယ်တပိုင်းရုပ်တုကို ဂျာမနီနိုင်ငံ ဘာလင်မြို့မှာရှိတဲ့ နွိုင်ယက်စ် ပြတိုက်ကနေ မူလနိုင်ငံကို ပြန်ပေးဖို့ ထင်ရှားတဲ့ အီဂျစ် ရှေးဟောင်းသုတေသန ပညာရှင်နဲ့ ရှေးအမွေအနှစ်ရေးရာ ဝန်ကြီးဟောင်း ဇာဟာဟာဝက်စ် ဦးဆောင်ပြီး တောင်းဆိုလိုက်ပါတယ်။
နက်ဖာတီတီရဲ့ ဆေးခြယ်ထားတဲ့ ထုံးကျောက်ကိုယ်တပိုင်းရုပ်တုကို ကိုင်ရိုမြို့တောင်ဘက် ၁၈၅ မိုင်အကွာက တယ်လ် အယ်လ်-အမ်မာနာ အရပ်မှာ ဂျာမန် ရှေးဟောင်းသုတေသန ပညာရှင်တွေက ၁၉၁၂ ခုနှစ်မှာ တူးဖော်တွေ့ရှိခဲ့ပြီး နောက်တနှစ်အကြာမှာပဲ ဘာလင်ကို သယ်ယူသွားခဲ့တာ ဖြစ်ပါတယ်။
အမ်မာနာ အရပ်ဟာ နက်ဖက်တီတီရဲ့ ကြင်ယာတော် ၁၈ ဆက်မြောက် ဖာရိုးဘုရင် အာခန်နာတန် ယာယီနန်းစံခဲ့တဲ့မြို့ ဖြစ်ပါတယ်။
ဘီစီ ၁၃၃၅ ခုနှစ်အထိ စိုးစံခဲ့တဲ့ အာခန်နာတန်ဘုရင်ဟာ မိစ္ဆာဒိဋ္ဌိဘုရင်လို့ ဝေဖန်ခံရသူဖြစ်ပြီး အီဂျစ်နတ်ဘုရားတွေ အားလုံးကို ပစ်ပယ်ပြီး အာတန်နတ်ဘုရားကိုပဲ အတင်းအကျပ် ကိုးကွယ်ခိုင်းခဲ့တဲ့ဘုရင်အဖြစ် သမိုင်းဝင်ပါတယ်။
ရှေးဟောင်းသုတေသနပညာရှင် ဟားဝက်စ်ကတော့ နတ်ဖာတီတီ နတ်ဘုရားရုပ်တုဟာ တွေ့ရှိပြီးနောက်မှာ တရားမဝင် ယူဆောင်သွားခံရတာ ဖြစ်တဲ့အတွက် ပြန်ရသင့်တယ်လို့ ရှေးဟောင်းသုတေသနပညာရှင် ဟာဝက်စ်က ဆိုပါတယ်။
hawasszahi.com မှာ လက်မှတ်ရေးထိုး တောင်းဆိုရာမှာ ဝင်ရောက် လက်မှတ်ထိုးနိုင်တယ်လို့ သိရပါတယ်။
ဒီလို ဥရောပနိုင်ငံကြီးတွေက သယ်သွားတဲ့ ရှေးဟောင်းသမိုင်းဝင်ပစ္စည်းတွေကို ပြန်တောင်းတဲ့အခါ မရတာများပြီး ပြတိုက်ချင်း သဘောတူညီမှုနဲ့ ခဏပြန်ငှားတာမျိုး လုပ်ပေးလေ့ ရှိပါတယ်။
Source-Reuters