Home
နိုင်ငံတကာ
ခြိမ်းခြောက်ခံရမှုကြောင့် ဂျာမနီရှိ NATO လေတပ်အခြေစိုက်စခန်းတွင် တပ်လှန့်ထား
DVB
·
August 24, 2024
Photo -REUTERS

ဂျာမနီနိုင်ငံ၊ ဟိုင်းန်စ်ဘာ့ဂ်ခရိုင်၊ ဂိုင်လန်ကယာ့ရှန်မြို့ရှိ NATO လေတပ်အခြေစိုက်စခန်းကို ခြိမ်းခြောက်မှု ဖြစ်နိုင်ခြေ ရှိနေတယ်ဆိုတဲ့ ထောက်လှမ်းရေး အချက်အလက်တွေကို အခြေခံပြီး လုံခြုံရေးအဆင့်ကို ညတွင်းချင်း မြှင့်တင်ထားတယ်လို့ ပြောရေးဆိုခွင့်ရှိသူ တယောက်က ပြောပါတယ်။

သတိပေးချက် အဆင့် ၄ ခုထဲမှာ ဒုတိယအမြင့်ဆုံး သတိပေးချက်အဆင့် (ချာလီ အဆင့်) ကို တပ်လှန့်ထားတယ်လို့လည်း ဆိုပါတယ်။

“NATO အဖွဲ့အစည်းတွေ သို့မဟုတ် အမှုထမ်းတွေအပေါ် အကြမ်းဖက်လုပ်ရပ်တချို့ ရှိနိုင်ကြောင်း ညွှန်ပြနေတဲ့ ဖြစ်ရပ်တခု ဖြစ်ပွားတာ သို့မဟုတ် ထောက်လှမ်းရေး အချက်အလက်က လက်ခံရရှိထားတာ” ကို လုံခြုံရေးအဆင့် ချာလီလို့ သတ်မှတ်ထားတာပါ။

ကြိုတင်ကာကွယ်မှုအဖြစ် အထူးတာဝန်မရှိတဲ့ မရှိမဖြစ် မဟုတ်တဲ့ ဝန်ထမ်းအားလုံးကို အိမ်ပြန်ခိုင်းလိုက်ကြောင်းနဲ့ NATO ရဲ့ AWACS ထောက်လှမ်းရေးလေယာဉ်တွေ ထားရှိ ဆိုက်ကပ်ထားတဲ့ အခြေစိုက်စခန်းမှာ ဝန်ထမ်းအင်အား အနည်းငယ်လောက်နဲ့ လုပ်ဆောင်ခဲ့ပြီး စစ်ဆင်ရေးတွေကိုလည်း အစီအစဉ်အတိုင်း ဆက်လုပ်နေတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အနီးနားရှိ ကိုလုံးန်မြို့က စစ်အခြေစိုက်စခန်းတခုမှာ ပြီးခဲ့တဲ့ သီတင်းပတ်က သံသယဖြစ်စရာ ရေပေးဝေမှု ပျက်စီးသွားတဲ့ ကိစ္စကိုလည်း စုံစမ်းစစ်ဆေးနေပြီး အဲဒီအခြေစိုက်စခန်းမှာ လုံခြုံရေးအဆင့်ကို တိုးမြှင့်ထားရတယ်လို့ ဆိုပါတယ်။

အဲဒီနေ့မှာပဲ ဂိုင်လန်ကယာ့ရှန်မြို့ရှိ အခြေစိုက်စခန်းဟာ ပိုင်နက်ကျူးလွန်ဖို့ ကြိုးပမ်းမှုတခု ဖြစ်ပွားခဲ့ကြောင်း အစီရင်ခံခဲ့ပြီး စခန်းဝင်းတခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားရတယ်လို့ ဆိုပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013