ဈေးသက်သာတဲ့ အာရှပြိုင်ဘက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ဥရောပထိပ်တန်းကားကုမ္ပဏီကြီး ဗောက်စ်ဝက်ဂွန်ဟာ ဂျာမနီမှာရှိတဲ့ သမိုင်းဝင်ကားစက်ရုံတွေကို ပထမဆုံးအကြိမ် ပိတ်ပစ်ဖို့ စဉ်းစားနေပြီလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
ဒီလိုပိတ်မယ်ဆိုရင် စီအီးအို အိုလီဗာဘလွန်းနဲ့ ကုမ္ပဏီမှာ ဩဇာကြီးတဲ့ အလုပ်သမားသမဂ္ဂတွေအကြား ပြဿနာဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
ဂျာမနီက ယာဉ်ကြီးထုတ်စက်ရုံနဲ့ ကားပစ္စည်းထုတ်စက်ရုံကို ပိတ်ဖို့ စီစဉ်တာဖြစ်ပြီး အလုပ်သမားကောင်စီက ပြင်းပြင်းထန်ထန် ဆန့်ကျင်သွားမယ်လို့ ကြေညာထားပါတယ်။
လိုးဝါးဆက်ဆနီပြည်နယ်က စက်ရုံနဲ့ ဆက်ဆနီပြည်နယ်က ရုံတွေကို ပိတ်ဖို့ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
လိုးဝါးဆက်ဆနီပြည်နယ်ဟာ ဗောက်စ်ဝက်ဂွန်ရဲ့ ဒုတိယအကြီးဆုံး အစုရှယ်ယာရှင်ဖြစ်ပေမဲ့ အခုအစီအစဉ်ကို ထောက်ခံထားပါတယ်။
၁၉၉၄ ခုနှစ်က သဘောတူခဲ့တဲ့ ၂၀၂၉ ခုနှစ်အထိ အလုပ်သမားမလျှော့ချရေး သဘောတူညီချက်ကို အဆုံးသတ်ဖို့လည်း ဗောက်စ်ဝက်ဂွန်က စဉ်းစားနေတယ်လို့ ဆိုပါတဘ်။
ဗောက်စ်ဝက်ဂွန်လုပ်ငန်းစုအောက်မှာ Porsche နဲ့ Audi လို တခြားကားအမှတ်တံဆိပ်တွေပါ ရှိပေမဲ့ VW ကပဲ အရောင်းရဆုံးအမှတ်တံဆိပ် ဖြစ်ပါတယ်။
ဒါကြောင့်ပဲ လျှပ်စစ်ကားခေတ် အကူးအပြောင်းမှာ ရှင်ကျန်နိုင်ဖို့ ရည်ရွယ်တဲ့ ၂၀၂၆ မှာ အသုံးစရိတ် ယူရို ၁၀ ဘီလီယံ ချွေတာနိုင်ဖို့ ပစ်မှတ်ထား ဆောင်ရွက်မှုမှာ VW ကားစက်ရုံတွေက စရိတ်လျှော့ရေး ပထမဆုံး ပစ်မှတ်ထားခံရတာ ဖြစ်ပါတယ်။
VW ရဲ့ စတော့တန်ဖိုးဟာ လွန်ခဲ့တဲ့ငါးနှစ်အတွင်း သုံးပုံတပုံတောင် လျော့ကျသွားခဲ့ပြီး အဓိက ဥရောပကားကုမ္ပဏီကြီးတွေထဲမှာ စတော့တန်ဖိုး အဆိုးဆုံးကျဆင်းတဲ့ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။
Source-Reuters