Home
မြန်မာသတင်း
မန္တလေးတွင် မြင့်မြင့်ခင်ထိုးမုန့်လုပ်ငန်းပိုင်ရှင် အပါအဝင် ပြည်သူအချို့ကို စစ်တပ်က ဖမ်းဆီး
DVB
·
November 6, 2021
495750-Mandalay-Zay-Cho-1-730x365

မန္တလေးမြို့ရဲ့ နာမည်ကြီး ထိုးမုန့်လုပ်ငန်းဖြစ်တဲ့ “မြင့်မြင့်ခင်” ထိုးမုန့်လုပ်ငန်းရဲ့ ပိုင်ရှင်အိမ်ကို နိုဝင်ဘာ ၅ ရက် ည ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့ စီးနင်းခဲ့ပါတယ်။

အောင်မြေသာစံမြို့နယ် ၅၈ လမ်း၊ ၂၄ လမ်းနဲ့ ၂၅ လမ်းကြားရှိ အိမ်ကို ဝင်ရောက်စီးနင်းတာဖြစ်ပြီး အိမ်ရှင် ယောက်ျားနဲ့ လူတချို့ကို ဖမ်းဆီးသွားတယ်လို့ သ်ရပါတယ်။

“အရင်ရက်တွေတုန်းကလည်း အဲ့နားမှာ စစ်ကားတချို့ပတ်နေတယ်။ မနေ့ညကမှ ဝင်စီးတာ။ ယောက်ျားဖြစ်သူနဲ့ တခြားသူတချို့ ဖမ်းဆီးခံလိုက်ရတယ်လို့ ပြောကြတယ်။ အတိအကျ မသိရဘူး။ ညကြီးဆိုတော့ ထွက်လည်း မကြည့်ရဲကြဘူး” လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတဦးက ပြောပါတယ်။

ဒီလို စီးနင်းဝင်ရောက်ပြီး ဖမ်းဆီးသွားတာဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ငွေကြေးထောက်ပံ့ကူညီတာကြောင့်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အတည်ပြုလို့ မရသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013