မကွေးတိုင်း၊ စကုမြို့နယ်၊ မကျီးကျောင်းကျေးရွာအနီးက စစ်တပ်ပိုင် Mytel တာဝါတိုင် အောက်တိုဘာ ၆ ရက်န ည ၁၀ နာရီဝန်းကျင်က မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စကုမြို့နယ် ပြောက်ကျားအင်အားစုတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတဦးက “အခု မိုင်တဲလ်တာဝါတိုင် မီးရှို့ဖျက်ဆီးခဲ့တာဟာ ပဏာမအနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ရှေ့ဆက်ပြီးလည်း အကြမ်းဖက်စစ်ကောင်စီပြုတ်ကျတဲ့အထိ ရတဲ့နည်းနဲ့ ခြေမှုန်းသွားမှာပါ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်မှာ NUG အစိုးရက ခုခံတွန်းလှန်စစ်စတင်ကြဖို့ ကြေညာပြီးနောက် နိုင်ငံတဝန်း စစ်တပ်နဲ့ စစ်ခေါင်းဆောင်ရဲ့ မိသားစုအကျိုးစီးပွား ဆက်စပ်လုပ်ကိုင်ထားတဲ့ Mytel ကုမ္ပဏီရဲ့ ဆက်သွယ်ရေးတာဝါတိုင် ၁၂၀ နီးပါး ဖျက်ဆီးခံရပြီး ဖြစ်ပါတယ်။