စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ လမ်းဆုံမြို့၊ ဂဒုမကျေးရွာမှာနေထိုင်တဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦးရဲ့ မိသားစုဝင် ၄ ဦး စက်တင်ဘာ ၂၂ ရက် ညပိုင်းက အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“မနေ့ညပိုင်းက အမည်မသိအဖွဲ့တစ်ဖွဲ့က လာသတ်သွားတယ်။ သေဆုံးသူလေးဦးမှာ ရဲတပ်သားရဲ့ ဇနီးရယ်၊ ၄ နှစ်အရွယ်သမီးနဲ့ ဇနီးသည်ရဲ့ မိဘ ၂ ဦးလုံး သတ်ခံခဲ့ရတယ်”လို့ ရွာခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ တန့်ဆည်မြို့နယ်အတွင်း အင်အားအလုံးအရင်း ဝင်ရောက်ရှာဖွေ နေပြီး ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စက်တင်ဘာ ၂၀ ရက်ကလည်း တန့်ဆည်မြို့ ရဲတပ်ဖွဲ့ဝင် ၂ ဦး အာဏာဖီဆန် CDM ပြုလုပ်ကာ ပြည်သူဘက်ကို ပူးပေါင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။