Home
မြန်မာသတင်း
ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များ သီတင်း ၁ ပတ်ကျော်ထပ်တိုး
DVB
·
August 21, 2021
School

အများပြည်သူအလုပ်ပိတ်ရက်အဖြစ် ဩဂုတ် ၂၃  ရက်မှ ၃၁ ရက်အထိ တစ်ဆက် တစ်စပ်တည်း ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ဩဂုတ် ၂၀ ရက်မှာ ကြေညာပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို  ထိရောက်စွာ ကာကွယ်ထိန်းချုပ်ကုသနိုင်ဖို့အတွက် အများပြည်သူ အလုပ်ပိတ်ရက်ကို နောက်ထပ် သီတင်းတပတ်ကြာ တိုးမြှင့်သတ်လိုက်တာပါ။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဆက်လက်ထိန်းချုပ်ပြီး ပုံမှန်အခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိနိုင်ဖို့ ထူးခြားတဲ့ အခြေအနေအရ နိုင်ငံတော် ဗဟိုဘဏ်နဲ့ ပုဂ္ဂိလကဘဏ်တွေမှအပ တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် တိုးမြှင့်သတ်မှတ်ကြေညာလိုက်တာပါ။

ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် အခုလို ရုံးပိတ်ရက်တွေကို ထပ်ခါထပ်ခါတိုးမြှင့် ကြေညာနေတာ စုစုပေါင်း ၅ ကြိမ်ရှိသွားပြီဖြစ်ပါတယ်။

အလားတူ  ပုဂ္ဂလိက ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေအပါအဝင် အခြေခံပညာစာသင်ကျောင်းတွေအားလုံးကိုလည်း    ဩဂုတ် ၂၃  ရက်မှ ၃၁ ရက်အထိ ယာယီ ဆက်လက် ပိတ်ထားမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

မြန်မာနိုင်ငံမှာ မနေ့ကတရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၀၀၀ ကျော်နဲ့ ထပ်မံသေဆုံးသူ ၁၅၁ ယောက်ရှိပြီး လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၄,၀၉၆ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၆၈,၇၆၈ ယောက်ရှိပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၂၀ ရက်ညမှာ ထုတ်ပြန်ပါတယ်။ 

PhotoCredit-BEHS (6) Myaungmya

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013