Home
အနုပညာ
ချိုပြုံးသီချင်းကို ဟေမာနေဝင်းသီဆိုမှုဖြင့် ခံစားနားဆင်ရမည့် “ကျောင်းပိတ်ရက်”ရုပ်ရှင်ဇာတ်ဝင် တေး(ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
DVB
·
September 27, 2020
0000000000000000000000
မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ် တခေတ်တခါက ကျော်ကြားရုပ်ရှင်ဇာတ်ဝင် တေး အပုဒ် ၁၀၀ ကို မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်ပြသပေးနေပြီး ခုတပတ်မှာတော့ နာမည်ကြီးတေးသံရှင် ဟေမာနေဝင်းက ဇာတ်ဝင်တေးတပုဒ်နဲ့ ပါဝင် ဖျော်ဖြေခဲ့ပါတယ်။ “ကျောင်းပိတ်ရက်” အမည်ရတဲ့ ဒီသီချင်းကိုတော့ တေးရေး စန်းသော်တာက ရေး ဖွဲ့ပေးခဲ့တာဖြစ်ပြီး နာမည်ကြီး သရုပ်ဆောင်မင်းသမီးကြီး ချိုပြုံးက မူရင်းသီဆိုခဲ့ကာ “တကျော့နှစ်ကျော့တေးကိုသီ” ရုပ်ရှင်ကားထဲမှာ ဇာတ်ဝင်တေးအနေနဲ့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။   ဒီရုပ်ရှင်ကိုတော့ စန္ဒာရုပ်ရှင်ထုတ်လုပ်ရေးက ၁၉၇၁ ခုနှစ်မှာ ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး ထွန်းညွန့်ဦးအမည်နဲ့ မင်းသားကြီး ဝင်းဦးက ဒါရိုက်တာအနေနဲ့ ရိုက်ကူးထားခဲ့ တာ ဖြစ်ပါတယ်။ “တကျော့နှစ်ကျော့တေးကိုသီ” ရုပ်ရှင်ကားထဲမှာတော့ ဝင်းဦးနဲ့အတူ တင်တင်မြ၊ ချိုပြုံး၊ ခင်လေးဆွေ၊ ဒေါ်ခင်ရီ၊ ဒေါ်မေနွဲ့တို့က ပါဝင်သရုပ်ဆောင်ခဲ့ပြီး ချိုပြုံး ရယ်လို့ ပရိသတ်တွေ အထူးနှစ်ခြိုက်လက်ခံအားပေးခဲ့ကြတဲ့ ရုပ်ရှင်ကားတကား ဖြစ်ခဲ့ပါတယ်။ “ပျိုပျိုခင် အလည်အပတ်ထွက်တယ်… မော်တော်ကားနဲ့ရယ်… ဟိုယခင် ကျောင်း ပိတ်တဲ့ ရက်ကကွယ်… ရှမ်းပြည်ကို တောင်ပိုင်းရော မြောက်ပိုင်းရောကွယ် နှံ့ခဲ့တယ်… ပျိုပျိုခင် အလည်အပတ်ထွက်တယ်… မော်တော်ကားနဲ့ရယ်… ဟိုယခင် ကျောင်းပိတ်တဲ့ ရက်ကကွယ်… ရှမ်းပြည်ကို တောင်ပိုင်းရော မြောက်ပိုင်းရောကွယ် နှံ့ခဲ့တယ်… ပြောပြ ချင်တယ် ကိုကိုရယ်… နေ့ရောပဲ ညရောပဲ တသည်းသည်း မောင်းနှင်တယ်… နေရောင် ခြည် လင်းလုလုဆဲဝယ်… ကလောမြို့ကို ရောက်တယ် လျှောက်လည်” ဟေမာနေဝင်းဟာ နာမည်ကြီး ရုပ်ရှင်မင်းသားကြီး ကောလိပ်ဂျင်နေဝင်းရဲ့ ရင် သွေးတဦးဖြစ်ကာ ၁၉၈၀ ပြည့်လွန်ကာလတွေကတည်းက မြန်မာသံစဉ်ရော၊ စတီရီယို တေးသီချင်းတွေပါ သီဆိုရင်း တကိုယ်တော်တေးအယ်လ်ဘမ်တွေ၊ အတွဲသီချင်းအယ်လ် ဘမ်တွေနဲ့ ဆယ်စုနှစ်နဲ့ချီ ထင်ရှားတဲ့ အဆိုတော်တယောက်အနေနဲ့ အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။  လက်ရှိအချိန်ထိလည်း သူ့ရဲ့ သီချင်းတွေဟာ ခေတ်မီနေဆဲဖြစ်သလို ပိုင်နိုင်တဲ့ သူ့ ရဲ့ သီဆိုဟန်နဲ့ ခုတခါ “ကျောင်းပိတ်ရက်”သီချင်းကို သီဆိုထားခဲ့တာကို ပရိသတ်တွေက ခံစားနားဆင်ကြရမှာပါ။ “ရှမ်းမလေးတွေ ချောတယ် ပေါတယ်… အေးချမ်းလှတဲ့ ဌာနီဝယ်… ရှမ်းမလေး တွေ ချောတယ် ပေါတယ်… အေးချမ်းလှတဲ့ ဌာနီဝယ်… ပါးလေးတွေ နီးမြန်းလို့ရယ်… ချစ်စရာကောင်းလှပေတယ်… ကြိုက်စရာကောင်းလှပေတယ်… ပျိုပျိုသွားအုံးမယ်… ကို ကိုရယ် အတူလိုက်ကွယ်” အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်တေး သီချင်းအပုဒ် ၁၀၀ ကို မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်ပြသပေးနေပြီး ဒီအစီအစဉ်ကိုတော့ အပတ်စဉ် သောကြာနေ့ ၈ နာရီသတင်းအစီအစဉ်အပြီးမှာ ထုတ်လွှင့်နေတာပါ။  ခုတပတ်ရဲ့ ဖျော်ဖြေပွဲအမှတ်စဉ် ၈ မှာတော့ မြန်မာပြည်သိန်းတန်၊ ဟေမာနေဝင်း တို့နဲ့အတူ တူးတူး၊ အက်စ်ကဲနက်၊ ယုဇန၊ ရတနာမိုင်၊ ချယ်ရီသင်းတို့က Aurora တေးဂီ တအဖွဲ့နဲ့အတူ ဖျော်ဖြေသွားခဲ့ကြတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013