နိုင်ငံတဝန်း ပုဂ္ဂလိကကျောင်းနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေအပါအဝင် အခြေခံပညာကျောင်းတွေကို အောက်တိုဘာ ၂၄ ရက်အထိ ဆက်လက်ပိတ်ထားမယ်လို့ အကြမ်းဖက်စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ ယာယီပိတ်ထားတာလို့လည်း ဆိုထားပါတယ်။
မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပြန့်ပွားမှု အခြေအနေမှာ စက်တင်ဘာ ၂၄ ရက်ထိ ပိုးတွေ့လူနာ စုစုပေါင်း ၄၅၅၀၇၄ ဦးရှိခဲ့ပြီး သေဆုံးသူ ၁၇၄၁၃ ဦးရှိကာ ဆေးရုံ ဆင်းခွင့်ရသူ ၄၀၂၉၂၉ ဦးတယ်လို့ စစ်ကောင်စီရဲ့ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့မှာ စာသင်ကျောင်းတွေကို အတင်းအကျပ် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တိုးမြင့်လာတာကြောင့် ဇူလိုင် ၁၅ ရက်နေ့ကစတင်ပြီး ကျောင်းတွေ ပြန်ပိတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။