Home
မြန်မာသတင်း
စက်ရုံလုပ်သားများအပါအဝင် ထိုင်းလုပ်ငန်း၂၄,၀၀၀ မှ ဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေးထိုး ပေးမည်
DVB
·
June 17, 2021
4004251
4004251-1
4004251

စက်ရုံလုပ်သားတွေ အပါအဝင် ထိုင်းနိုင်ငံတဝန်း လုပ်ငန်းပေါင်း ၂၄,၀၀၀ က ဝန်ထမ်းတွေကို လာမယ့် ဇွန် ၂၆ ရက်ကစတင်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးသွား ဖို့ ရှိနေပါတယ်။

ထိုင်းနိုင်ငံ လူမှုဖူလုံရေးအက်ဥပဒေပုဒ်မ ၃၃ အရ ဘန်ကောက်အရှေ့ပိုင်း၊ နွန်ချော့ခ်ခရိုင်ထဲက စက်ရုံတရုံက အလုပ်သမား ၁,၀၀၀ ဝန်းကျင်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်တယ်လို့ စက်မှုဝန်ကြီးဌာနဝန်ကြီး ဆူရိယ ဂျန်ဂရမ်ရန်ကစ်က ပြောပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ အလုပ်သမားတွေ များစွာရှိနေတဲ့ စက်ရုံအလုပ်ရုံတွေကို ဦးစားပေးအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးစေလိုကြတာဖြစ်တယ် လို့ ဆိုပါတယ်။

       စက်မှုဝန်ကြီးဌာနဟာ စက်ရုံအလုပ်ရုံလုပ်သားတွေအတွက် ကာကွယ်ဆေးထိုးနှံ နိုင်ဖို့ နေရာ ၂၇ ကို ပြင်ဆင်ထားခဲ့ပြီးဖြစ်ကာ ဆီဆာခွန်၊ ဆမွတ်စာခွန်၊ အမတစီးတီး ချွန်ဘူရီ၊ မက်တဖက်၊ ဘန်ကာဒီ၊ မဲ့မိုစတဲ့ စက်မှုဇုံနေရာ ၆ ခုကို ခွင့်ပြုပေးခဲ့ပြီးဖြစ်တယ် လို့ ဝန်ကြီး ဆူရိယက ပြောပါတယ်။

“ထိုင်းနိုင်ငံမှာ လူမှုဖူလုံရေးအက်ဥပဒေပုဒ်မ ၃၃ အရ အလုပ်သမား ၃ ဒသမ ၃ သန်းလောက်ရှိနေပြီး သူတို့ထဲက ၈ သိန်းခွဲလောက်ကတော့ စက်မှုဇုံတွေမှာ အလုပ်လုပ် ကိုင်နေကြတာပါ”

       ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေအရ လူမှုဖူလုံရေးအက်ဥပဒေ ပုဒ်မ ၃၃ အရ ဇွန် ၇ ရက်နေ့ကနေ ၁၁ ရက်နေ့အထိနဲ့ ၁၄ ရက်တွေမှာ ကိုဗစ်-၁၉ ကာ ကွယ်ဆေး ထိုးနှံပြီးဖြစ်တဲ့ အလုပ်သမားဦးရေ ၂၃၅,၁၈၈ ယောက် ရှိပြီလို့ ဆိုပါတယ်။

       တကျော့ပြန် ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်ခံ ထိုင်းနိုင်ငံမှာတော့ လက်ရှိအချိန် ထိ ရောဂါကူးစက်ခံရသူပေါင်း ၂၀၇,၇၂၄ ယောက်နဲ့ သေဆုံးသူစုစုပေါင်း ၁,၅၅၅ ယောက် ထိ ရှိလာနေပြီ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013